Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ်မှာပေါက်ကွဲမှုဖြစ်ပွား

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ် အင်းစိန်လမ်းမကြီးကို လမ်းများပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ် အုတ်ကျင်းနားက လျှပ်စစ်မီတာရုံးအနီးတွင် ယနေ့ သြဂုတ် ၂၈ ရက် နေ့လည် ၁၂ နာရီကျော်၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“အုတ်ကျင်းနားက မီတာရုံးနားမှာ ပေါက်ကွဲသံ ကြားရတာပါ။ ပေါက်ကွဲသံက နှစ်ချက်တောင် ကြားရတယ် အသံတော်တော်ကျယ်တယ်။ ဒုတိယတစ်ချက်က အုတ်ကျင်းနားက ဓာတ်ဆီဆိုင်နားလို့ ပြောတယ်။ နောက်ပြီး သေနတ်ပစ်သံတွေလည်း ကြားလိုက်ရသေးတယ်။ အနီးအနားက သူတွေ ပြောတာတော့ ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်း ရဲတွေက ရမ်းသမ်းပစ်နေတယ်လို့လဲ ကြားတယ်။ ထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး ” ဟု လှိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

လှိုင်ကသတင်း​တွေ အမြဲ​ဖော်ပြ​ပေး​နေတဲ့ Hlaing Information ​ဖေ့စ်ဘွတ်ခ်စာမျက်နှာက​လည်း “လှိုင်(၁၃) ရပ်ကွက် တပ်မတော်ဒန်သတ္တုစက်ရုံရှေ့မှာ 12:10 မိနစ်လောက်က ဗုံး ၂ လုံးပေါက်သွားတယ်လို့ သိရပြီး ထိခိုက်မှုအတိအကျကိုတော့မသိရသေးပါဘူး။ ဒန်သတ္တုစက်ရုံ ပေါက်ကွဲမှုတွင် လူငယ်လေးယောက်ကို ဖမ်းထားပါတယ်။ ဖမ်းထားတာသေချာတယ် အထဲမှာစစ်မေးနေပြီး ဒူးထောက်ခိုင်းထားတယ်လို့သိရပါတယ်” လို့​ဖော်ပြထားပါတယ်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ် အင်းစိန်လမ်းမကြီးကို လမ်းများပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်ကလည်း လှိုင်မြို့နယ် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (အုတ်ကျင်း) တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။