Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းရောက် မြန်မာမိသားစုများက သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

ထို့အပြင် မြန်မာ့အရေးကိုထောက်ခံအားပေးနေသည့် တက်ကြွလှုပ်ရှားသူ စင်္ကာပူမှ လာရောက်ပညာသင်ကြားနေကြသော ကျောင်းသူနှစ်ဦးကလည်းကိုယ်တိုင်ဝင်ရောက် အားပေးခဲ့သည်။

ဓာတ်ပုံ - Ko Aye Min Soe/Facebook
ဓာတ်ပုံ - Ko Aye Min Soe/Facebook

သံအမတ်ကြီးဦးကျော်မိုးထွန်းအား မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ကမ္ဘာက ဆက်လက်အသိအမှတ်ပြုရေး ထောက်ခံသည့်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၆)တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဗစ်တိုးရီးယားပါလီမာန်ရှေ့၌ မြန်မာမိသားစုများက ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Ko Aye Min Soe/Facebook
ဓာတ်ပုံ – Ko Aye Min Soe/Facebook

အဆိုပါဆန္ဒဖေါ်ထုတ်ပွဲတွင် မြန်မာမိသားစုများက ၎င်းတို့ရဲ့သဘောထားကို ဩစတေးလျအစိုးရ သိစေရန်၊ နိုင်ငံခြားရေးဝန်ကြီး Hon Senator Penny Wong ဆီသို့ တိုက်ရိုက်အစီရင်ခံစာ ပေးပို့ခဲ့သည့် အပြင် ဗစ်တိုးရီးယားပါလီမာန်သို့လည်း စာရေးသား ပေးပို့ခဲ့ကြကြောင်း CRPH/NUG Support Group Australia (Vic) က ဖော်ပြထားသည်။

ဗစ်တိုးရီးယားပါလီမာန်အတွက် ပေးပို့သောပန်ကြားလွှာကို ဗစ်တိုးရီးယားပါလီမာန်မှလွှတ်တော်အမတ် တစ်ဦးဖြစ်သူ Mr.Meng Heang Tak ကလက်ခံရယူပြီး ပါလီမာန်အတွင်း ပါတီစုံမှအမတ် ၂၀ ဦး စုပေါင်းလက်မှတ်ထိုး၍ ဩစတေးလျ အစိုးရထံ တောင်းဆိုသွားရန်ရှိကြောင်းကိုလည်း ပြောကြားသွားခဲ့ကြောင်း မဲလ်ဘုန်းရောက်မြန်မာမိသားစုများက ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို CRPH/NUG Support Group Australia (Vic) က ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ဗစ်တိုးရီးယား ပါလီမာန်အမတ်တစ်ဦးဖြစ်သည့် Mr. Meng Heang Tak MP က ကိုယ်တိုင်ပါဝင်အားပေးခဲ့ကာ Australia Myanmar Institute ၏ ဥက္ကဌ ဖြစ်သူ Mr. Christopher Lambလည်း လာရောက်အားပေးခဲ့ကြောင်း Vic က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာ့အရေးကိုထောက်ခံအားပေးနေသည့် တက်ကြွလှုပ်ရှားသူ စင်္ကာပူမှ လာရောက်ပညာသင်ကြားနေကြသော ကျောင်းသူနှစ်ဦးကလည်းကိုယ်တိုင်ဝင်ရောက် အားပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။

နိုင်ငံတကာ

ဩစတြေးလျ နိုင်ငံမှာ ရှားပါးလှတဲ့ အခြေအနေတစ်ခုအဖြစ် ရုပ်ချင်းအရမ်းတူတဲ့ လေးမြွှာပူး သမီးလေးတွေ ဖွားမြင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဩစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပွဲဦးထွက်ပြသခဲ့တဲ့ တော်လှန်ရုပ်ရှင် RAY ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တယ်လို့ သွားရောက်ကြည့်ရှူသူတွေကပြောပါတယ်။