Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းရောက် မြန်မာမိသားစုများက သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံပွဲပြုလုပ်

ထို့အပြင် မြန်မာ့အရေးကိုထောက်ခံအားပေးနေသည့် တက်ကြွလှုပ်ရှားသူ စင်္ကာပူမှ လာရောက်ပညာသင်ကြားနေကြသော ကျောင်းသူနှစ်ဦးကလည်းကိုယ်တိုင်ဝင်ရောက် အားပေးခဲ့သည်။

ဓာတ်ပုံ - Ko Aye Min Soe/Facebook
ဓာတ်ပုံ - Ko Aye Min Soe/Facebook

သံအမတ်ကြီးဦးကျော်မိုးထွန်းအား မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ကမ္ဘာက ဆက်လက်အသိအမှတ်ပြုရေး ထောက်ခံသည့်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (စက်တင်ဘာ ၂၆)တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဗစ်တိုးရီးယားပါလီမာန်ရှေ့၌ မြန်မာမိသားစုများက ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Ko Aye Min Soe/Facebook
ဓာတ်ပုံ – Ko Aye Min Soe/Facebook

အဆိုပါဆန္ဒဖေါ်ထုတ်ပွဲတွင် မြန်မာမိသားစုများက ၎င်းတို့ရဲ့သဘောထားကို ဩစတေးလျအစိုးရ သိစေရန်၊ နိုင်ငံခြားရေးဝန်ကြီး Hon Senator Penny Wong ဆီသို့ တိုက်ရိုက်အစီရင်ခံစာ ပေးပို့ခဲ့သည့် အပြင် ဗစ်တိုးရီးယားပါလီမာန်သို့လည်း စာရေးသား ပေးပို့ခဲ့ကြကြောင်း CRPH/NUG Support Group Australia (Vic) က ဖော်ပြထားသည်။

ဗစ်တိုးရီးယားပါလီမာန်အတွက် ပေးပို့သောပန်ကြားလွှာကို ဗစ်တိုးရီးယားပါလီမာန်မှလွှတ်တော်အမတ် တစ်ဦးဖြစ်သူ Mr.Meng Heang Tak ကလက်ခံရယူပြီး ပါလီမာန်အတွင်း ပါတီစုံမှအမတ် ၂၀ ဦး စုပေါင်းလက်မှတ်ထိုး၍ ဩစတေးလျ အစိုးရထံ တောင်းဆိုသွားရန်ရှိကြောင်းကိုလည်း ပြောကြားသွားခဲ့ကြောင်း မဲလ်ဘုန်းရောက်မြန်မာမိသားစုများက ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို CRPH/NUG Support Group Australia (Vic) က ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ဗစ်တိုးရီးယား ပါလီမာန်အမတ်တစ်ဦးဖြစ်သည့် Mr. Meng Heang Tak MP က ကိုယ်တိုင်ပါဝင်အားပေးခဲ့ကာ Australia Myanmar Institute ၏ ဥက္ကဌ ဖြစ်သူ Mr. Christopher Lambလည်း လာရောက်အားပေးခဲ့ကြောင်း Vic က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာ့အရေးကိုထောက်ခံအားပေးနေသည့် တက်ကြွလှုပ်ရှားသူ စင်္ကာပူမှ လာရောက်ပညာသင်ကြားနေကြသော ကျောင်းသူနှစ်ဦးကလည်းကိုယ်တိုင်ဝင်ရောက် အားပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို အရေးယူမှုပါဝင်သည့် ဆုံးဖြတ်ချက်(Resolution)ချမှတ်နိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။