Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး နယူးယောက်မြို့တွင် ကမ္ဘောဒီးယားနှင့် မြန်မာပြည်သူများ ပူးပေါင်းဆန္ဒပြ

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဒေသစံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅နာရီခွဲအထိ ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - NYCBC
ဓာတ်ပုံ - NYCBC

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကမ္ဘောဒီးယားပြည်သူများနှင့် မြန်မာပြည်သူများ ပူးပေါင်း၍ ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် Credential Campaign ကို UN ရုံးချုပ်ရှေ့၌ ယမန်နေ့ (စက်တင်ဘာ ၂၃) ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဒေသစံတော်ချိန် ညနေ၄ နာရီမှ ညနေ ၅နာရီခွဲအထိ ကုလသမဂ္ဂရုံးချုပ်ရှေ့ရှိ Dag Hammarskjöld Plaza တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံရောက် မြန်မာများနှင့် ကမ္ဘောဒီးယားနိုင်ငံသားတို့က လူ့အခွင့်ရေး တရားမျှတမှုရှိရေး၊ ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနှင့် အပြစ်မဲ့ပြည်သူများလွတ်မြောက်ရေးတို့အတွက်လည်း တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Facebook