Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင်မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို AA တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ယခုလအတွင်း ရခိုင်ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ - BNA
ဓာတ်ပုံ - BNA

▪️စခန်းသိမ်းတိုက်ပွဲ ၁နာရီခန့်သာကြာဟုဆို

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA)က ယနေ့(စက်တင်ဘာ ၂၇ရက်) ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ရခိုင်ဒေသခံက ပြောသည်။

ရသေ့တောင်မြို့နယ် မယူတောင်ခြေရင်းရှိ အထက်နန်းရာနယ်ခြားစောင့် အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မောင်တော ကျောက်ပန္ဒူနဲ့ ရသေ့တောင်မြို့နယ် စေတီပြင်ကျော်လမ်းလေ။ သူက ၂၀၁၇ ဖြစ်ပြီးတဲ့နောက်မှ အသစ်ဖောက်လိုက်တဲ့ မယူတောင်ကျော်လမ်း။ ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအများကြီး သတ်ဖြတ်ခံရ တဲ့ချွတ်ပြင်ရွာကို မရောက်ခင် ချွတ်ပြင်ရွာထိပ်မှာ ရှိတဲ့ မယူတောင် တောင်ကုန်းပေါ်မှာ တည်ထားတဲ့ အထိုင်စခန်း။ အဲဒီ စခန်းကို ညနေ ၄နာရီလောက်က စပြီး ဝင်တိုက်တယ်လို့ ပြောတယ်။ ပြီးတော့ ၅နာရီ ကျော်လောက်မှာတော့ ဒေသခံတွေ ပြောတာ မီးခိုးတွေထွက်နေတာမြင်ရတာပေါ့”ဟု ရခိုင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

စေတီပြင်ရှိ စစ်ကောင်စီတပ်နှင့် ရသေ့တောင်မြို့ထဲရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု တိုက်ခိုက်သိမ်းပိုက်ခံရသည့် တပ်စခန်းတွင် နယ်ခြားစောင့်တပ်များအပြင် စစ်ကောင်စီတပ်များ အင်အားဖြည့် ထားကြောင်း၊ စခန်းသိမ်းတိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

“ကျွန်တော်တို့ ကြားတာက ပြီးခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်ကတည်းက AAက အင်အား ၃၀၀ လောက်နဲ့ အဲဒီမှာ စစ်ကြောင်းထွက်ပြီး ကင်းဝပ်ပြီး လှုပ်ရှားနေတာလို့ သတင်းကြားတယ်။ အခုက AAက သူတို့ ပိုင်တဲ့အချိန်မှာ ဝင်ပြီးတော့ သိမ်းလိုက်တာထင်တယ်။” ဟု ရခိုင်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေ၍ ယနေ့ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်တွင် တိုက်ပွဲဆက်ဖြစ်နိုင်သည်ဟု ဆိုသည်။

“စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုက ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်က လက်နက်မပါဘဲ ထွက်ပြေးသွားတယ် ပြောတာ အဲဒီစခန်းကပဲလေ”ဟု ရခိုင်ဒေသခံက ပြောသည်။

ယခု စခန်းသိမ်းတိုက်ပွဲကြောင့် တပ်စခန်းနှင့်အနီးဆုံးကျေးရွာဖြစ်သည့် ပိတောက်မြိုင် နတလရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ဆိုသည်။

ယနေ့တွင် မောင်တောမြောက်ပိုင်းတွင် ၂နေရာခန့် တိုက်ပွဲဖြစ်သည်ဟု ကြားရပြီး ဘူးသီးတောင် တောင်ပိုင်း သို့လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေသည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ယခုလအတွင်း ရခိုင်ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးခြင်း၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။