Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့လယ် သိမ်ကြီးစျေးအနီး လုံခြုံရေးယူနေတဲ့ ရဲတွေပစ်ခတ်ခံရလို့ တစ်ဦးသေ

စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့သူနှစ်ဦးဟာ ဆိုက္ကားဆရာတစ်ဦးနှင့် အခြားအရပ် သားတစ်ဦးဖြစ်ပြီး ရဲတွေကိုဝင်ပစ်တဲ့ အဲဒီလူတွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

(ပစ်ခတ်မှုဖြစ်ပွားသည့် ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးအနီး ဝန်းကျင်အား ယနေ့ညနေပိုင်းက တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ပစ်ခတ်မှုဖြစ်ပွားသည့် ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးအနီး ဝန်းကျင်အား ယနေ့ညနေပိုင်းက တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

▪️ပြည်သူနှစ်ဦးကို စစ်အုပ်စုက ပစ်သတ်ဟုဆို

ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ် သိမ်ကြီးစျေးအနီး သိမ်တော်ကြီးနားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီလက် အောက်ခံရဲတွေကို အမည်မသိလက်နက်ကိုင်တစ်စုက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတစ်ဦးသေဆုံးသွားတယ်လို့ ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတွေက ပြောပါတယ်။

ဒီကနေ့ (စက်တင်ဘာ ၂၉ ရက်) ညနေ ၃ နာရီခွဲကျော်ကျော်လောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအပြီးမိနစ်ပိုင်းအတွင်း စစ်ကောင် စီတပ်တွေရောက်ရှိလာပြီး ပြည်သူနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ပြောဆိုကြပေမယ့် People’s Spring အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျည်ထိမှန်ခဲ့သူနှစ်ဦးဟာ ဆိုက္ကားဆရာတစ်ဦးနှင့် အခြားအရပ် သားတစ်ဦးဖြစ်ပြီး ရဲတွေကိုဝင်ပစ်တဲ့ အဲဒီလူတွေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ဆိုက်ကားနဲ့လာပစ်တယ်ဆိုတာ ဟုတ်နိုင်လား စဉ်းစားကြည့်ပါ။ စစ်အာဏာရှင်ကို ဝောာ်လှန်နေတယ်ဆိုကတည်းက အသိဉာဏ်ရှိလို့ပါ၊ အပြစ်မဲ့ပြည်သူကိုသတ်ပြီးဖုံးဖို့ကြိုးစားနေတာပဲဖြစ်ရမယ်”လို့ စစ်ကောင်စီတပ်ရဲ့ ရမ်းကားပစ်ခတ်မှုအပေါ် ဒေသခံပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ သိမ်တော်ကြီးရှိသည့် မဟာဗန္ဓုလလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး ယာဥ်များအား တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။