Connect with us

Hi, what are you looking for?

သတင်း

ခေါဇာရဲစခန်းမှူးပါသည့် ကားကို ရေးဘီလူးအဖွဲ့တိုက်ခိုက်၊ စခန်းမှူးအပါအဝင် သုံးဦးသေပြီး လက်နက်သုံးလက်ရ

စက်တင်ဘာ ၃၀ရက် နံနက် ၁၀နာရီ ကျော်အချိန်တွင် ခေါဇာမှ ရေးမြို့သို့ တက်လာသည့် ရဲကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - ရေးဘီလူး
ဓာတ်ပုံ - ရေးဘီလူး

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ရဲစခန်းမှူးလိုက်ပါလာသည့် ကားကို ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်ပါးစေ ရဲစခန်းမှူးအပါအဝင် သုံးဦးသေဆုံးပြီး ၎င်းတို့၏ လက်နက်များ ရရှိခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စက်တင်ဘာ ၃၀ရက် နံနက် ၁၀နာရီ ကျော်အချိန်တွင် ခေါဇာမှ ရေးမြို့သို့ တက်လာသည့် ရဲကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခေါဇာကနေ ရေးမြို့ဘက်ကိုအတက် စခန်းမှူးအပါအဝင်ပေါ့ ရဲကားတစ်ကားကို ရွှေဟင်္သာအကျော်က ကဗျာကြီးရွာမှာ စောင့်ပြီးတော့ပစ်တယ်။ ပစ်တော့ လက်နက်သုံးလက်သိမ်းလိုက်တယ်။ သုံးလက်မှာ အတိုတစ်လက်ပါမယ် စခန်းမှူးကိုင်တဲ့တစ်လက်ပေါ့။ နောက်ပြီးတော့ ကျည်ဆန်အချို့ပါတယ်။ သုံးဦးလုံးကို ကားပေါ်မှာပဲ ရှင်းပစ်လိုက်တယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် ယခင်ကလည်း ရေးမြို့ပေါ်အပါအဝင် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ စစ်ကောင်စီလက်ပါးစေ သတင်းပေးများကို တိုက်ခိုက်ရှင်းလင်းခဲ့ဖူးပြီး ထိုစဉ်ကလည်း လက်နက်ခဲယမ်းများ ရရှိခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့အနေဖြင့် ရေးမြို့နယ်ရှိ အုပ်ချုပ် ရေးမှူးများ Non CDM ဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်သွားရ သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အင်အား၁၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က ဒီကနေ့ မေလ၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။