Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်အခြေစိုက် ခလရ(၅၈၈)အနီးတပ်စွဲထားသည့် စစ်အုပ်စုကို စီးနင်းတိုက်ခိုက်၊သေနတ် သုံးလက်ရရှိ

ဝင်ရောက်စီးနင်းခဲ့သည့် ကင်းစခန်းသည် ခလရ(၅၈၈)တပ်နှင့် တစ်မိုင်ခန့်သာကွာဝေပြီး စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ဝင် ၁၀ ဦးခန့်ရှိကြောင်း YGF တာဝန်ရှိသူက ပြောသည်။

ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)
ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခလရ(၅၈၈)တပ်ရင်းအနီးတပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ်သုံးလက်ရရှိကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF)က ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၂၃ ရက်) နံနက် ၄ နာရီခွဲခန့်က ခလရ (၅၈၈)တပ်ရင်းအနီးရှိဘုန်းကြီးကျောင်းတောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ နှင့် ပျူစောထီးများကို ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)
ဓာတ်ပုံ – ရေးပြောက်ကျားတပ်ဖွဲ့ (YGF)

ဝင်ရောက်စီးနင်းခဲ့သည့် ကင်းစခန်းသည် ခလရ(၅၈၈)တပ်နှင့် တစ်မိုင်ခန့်သာကွာဝေပြီး စစ်ကောင်စီနှင့်ပျူစောထီး အဖွဲ့ဝင် ၁၀ ဦးခန့်ရှိကြောင်း YGF တာဝန်ရှိသူက ပြောသည်။

“ဝင်စီးတဲ့အချိန် သေနတ်တောင်မဖောက်လိုက်ရဘူး။အကုန်ထွက်ပြေးကြတာ”ဟု ၎င်းက ရှင်းပြ သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သိမ်းဆည်းရရှိသော သေနတ်များမှာ -M16 (A1) တစ်လက်၊ ကျည် ၅၀၊ AK (47) တစ်လက် ကျည် ၃၀ ၊ကိုးလုံးကျည်တစ်လက်အပါအဝင် ဌက်ကြီးတောင် ဓားတစ်လက်ပါ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။