Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် လူငယ်တစ်ဦး ၃နာရီအတွင်း သေဆုံး

ယမန်နေ့(အောက်တိုဘာလ ၁ ရက်)ကလည်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာယီအခြေစိုက်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့(၉)ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

အာဏာသိမ်းခါစက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား လိုက်လံပစ်ခတ်နှိမ်နင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Myingyan Citizen Journalist
အာဏာသိမ်းခါစက မြင်းခြံမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား လိုက်လံပစ်ခတ်နှိမ်နင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Myingyan Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် လူငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၃ နာရီအတွင်း သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂၁ရက်နံနက်၄နာရီခန့်က မြင်းခြံမြို့နယ်၊ ရှားတောကျေးရွာနေ အသက်၂၀ခန့်ရှိ ကိုမိုးထက်သာဆိုသူအား စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးပြီး ၃နာရီ‌ခန့်အကြာ နံနက်၇ခန့်တွင် စစ်တပ်နှင့်ပျူများ၏ ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသွားခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

မိသားစုမှာ အလောင်းပင် ပြန်မရခဲ့ဘဲ ကြည့်ခွင့်ခေတ္တပေးပြီးနောက် မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်ပတ်လောက်တောင် ရှိသွားပြီ။ မိသားစုကိုတော့ ကိုဗစ်နဲ့သေတယ်ဆိုပြီးပြောသေးတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြရွာတွင်လည်း စက်တင်ဘာ၂၉ရက် နံနက်ပိုင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏နေအိမ် ပစ်ခတ်ခံရပြီး သေနတ်၇လက်ဆုံးရှုံးခဲ့ပြီးနောက် ရွာအတွင်းရှိ လူငယ်ကျောင်းသားများနှင့် အိမ်ထောင်ဦးစီးများကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာလ ၁ ရက်)ကလည်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာယီအခြေစိုက်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့(၉)ဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook