Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆက်​ကြေး​ကောင်ပြန်လာ​သောပျူများကိုလောင်းလုံပကဖတိုက်ခိုက် ၄ဦးသေဆုံးပြး သေနတ် ၂လက်နှင့်ကျည်များရ

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီး ပြန်လာသည့်ပျူစောထီးများကို​လောင်းလုံပကဖများကတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)
(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)

လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ကျောက်မတ်တပ်ရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေ ပျူစောထီး ၄ဦး သေဆုံးခဲ့ပြီး လက်နက် ၂လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ယ​နေ့သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီး ပြန်လာသည့်ပျူစောထီးများကို​လောင်းလုံပကဖများကတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)
(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)

ပျူများ​သေဆုံးထိခိုက်မှုများပြီး စစ်ကောင်စီတပ်ကစစ်ကူ​ရောက်လာရာပျူ အလောင်းများနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိသော ပျူစောထီးများအား ကားပေါ်တင်ယူဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအား လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းခဲ့ရာ ကာဘိုင် ၁လက်၊ လက်လုပ်သေနတ်တစ်လက် ၊ကျည်ကတ်(၄)ကတ်၊ကျည်(၆၆)တောင့်၊၁၆ကျည်အတို (၁)ကတ်၊ AKကျည်(၁)ကတ် နှင့် ဦးထုတ်(၁)လုံး တို့ကိုသိမ်းဆည်းရရှိခဲ့သည်ဟု ​ဓါတ်ပုံနှင့်တစ်ကွအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍ ​လောင်းလုံပကဖ သို့ People’s Springက ဆက်သွယ်​မေးမြန်းထား​သော်လည်း ​ပြန်လည်​ဖြေကြားခြင်းမရှိ​သေးပါ။ အဆိုပါတိုက်ပွဲတွင် ပျူများ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကိုလည်း People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ ချစ်စမ်း​မောင်ဦး​ဆောင်​သောပျူစောထီး အဖွဲ့သည် ကျေးရွာအားမီးရှို့မည်ဟု ပြည်သူများအား အမြဲလိုလို ခြိမ်းခြောက် ပြောဆိုနေပြီး အကြမ်းဖက်လုပ်ရပ် ဆက်တိုက်ကျူးလွန်နေသည့်အဖွဲ့ဖြစ်ပြီး ။ဆက်လက်၍ စစ်ကောင်စီ နှင့် လက်ကိုင်တုတ်များအား အလျဉ်းသင့်သလို ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း​​လောင်းလုံPDFကသတိ​ပေးထားသည်။

ပြည်သူများ အနေဖြင့်လည်း ပွဲလမ်းသဘင်များ၊ ခရီးသွားလာခြင်း များမပြုရန် စစ်ကောင်စီ လက်ကိုင်တုတ်များနှင့် ဝေးဝေးရှောင်ပေးကြရန် လောင်းလုံပကဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။