Connect with us

Hi, what are you looking for?

သတင်း

ဆက်​ကြေး​ကောင်ပြန်လာ​သောပျူများကိုလောင်းလုံပကဖတိုက်ခိုက် ၄ဦးသေဆုံးပြး သေနတ် ၂လက်နှင့်ကျည်များရ

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီး ပြန်လာသည့်ပျူစောထီးများကို​လောင်းလုံပကဖများကတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)
(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)

လောင်းလုံမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု ကျောက်မတ်တပ်ရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီလက်ပါးစေ ပျူစောထီး ၄ဦး သေဆုံးခဲ့ပြီး လက်နက် ၂လက်နှင့် ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ)က ယ​နေ့သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်က ကျောက်မတ်တပ် ကျေးရွာ အနီး ဆက်ကြေးကောက်ခံပြီး ပြန်လာသည့်ပျူစောထီးများကို​လောင်းလုံပကဖများကတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)
(​ပျူများထံမှသိမ်းဆည်းရမိ​သော ​သေနတ် ၂ လက်နှင့်ကျည်များ ကို လောင်းလုံပကဖ တပ်ဖွဲ့ဝင်များနှင့်အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-LLPDF)

ပျူများ​သေဆုံးထိခိုက်မှုများပြီး စစ်ကောင်စီတပ်ကစစ်ကူ​ရောက်လာရာပျူ အလောင်းများနှင့် ဒဏ်ရာပြင်းထန်စွာ ရရှိသော ပျူစောထီးများအား ကားပေါ်တင်ယူဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအား လောင်းလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းခဲ့ရာ ကာဘိုင် ၁လက်၊ လက်လုပ်သေနတ်တစ်လက် ၊ကျည်ကတ်(၄)ကတ်၊ကျည်(၆၆)တောင့်၊၁၆ကျည်အတို (၁)ကတ်၊ AKကျည်(၁)ကတ် နှင့် ဦးထုတ်(၁)လုံး တို့ကိုသိမ်းဆည်းရရှိခဲ့သည်ဟု ​ဓါတ်ပုံနှင့်တစ်ကွအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲနှင့်ပတ်သပ်၍ ​လောင်းလုံပကဖ သို့ People’s Springက ဆက်သွယ်​မေးမြန်းထား​သော်လည်း ​ပြန်လည်​ဖြေကြားခြင်းမရှိ​သေးပါ။ အဆိုပါတိုက်ပွဲတွင် ပျူများ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကိုလည်း People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါ ချစ်စမ်း​မောင်ဦး​ဆောင်​သောပျူစောထီး အဖွဲ့သည် ကျေးရွာအားမီးရှို့မည်ဟု ပြည်သူများအား အမြဲလိုလို ခြိမ်းခြောက် ပြောဆိုနေပြီး အကြမ်းဖက်လုပ်ရပ် ဆက်တိုက်ကျူးလွန်နေသည့်အဖွဲ့ဖြစ်ပြီး ။ဆက်လက်၍ စစ်ကောင်စီ နှင့် လက်ကိုင်တုတ်များအား အလျဉ်းသင့်သလို ချေမှုန်းသွားမည်ဖြစ်ကြောင်းလည်း​​လောင်းလုံPDFကသတိ​ပေးထားသည်။

ပြည်သူများ အနေဖြင့်လည်း ပွဲလမ်းသဘင်များ၊ ခရီးသွားလာခြင်း များမပြုရန် စစ်ကောင်စီ လက်ကိုင်တုတ်များနှင့် ဝေးဝေးရှောင်ပေးကြရန် လောင်းလုံပကဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။