Connect with us

Hi, what are you looking for?

သတင်း

ကရင်နီဒေသ၌ စက်တင်ဘာအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၁၀၀ ကျော်သေဆုံး၊ KNDF ရဲဘော် ငါးဦးကျဆုံး

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

▪️လက်နက်မျိုးစုံ ၁၅လက် နှင့် ကျည်ခဲယမ်းများရရှိခဲ့ပြီး စစ်ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ဟုဆို

▪️စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံပြည်သူ ၁၃ဦး အသက်ဆုံးရှုံးရပြီး ၂၀ကျော်ဒဏ်ရာရ

ကရင်နီဒေသ၌ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၅၇ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟုကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကထုတ်ပြန်သည်။

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ KNDF ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့မှုများကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလအတွင်း ဒီးမော့ဆိုမြို့နယ်တွင်(၁၈)ကြိမ် ၊ ဖရူဆိုမြို့နယ်တွင် (၁၄)ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် (၁၁)ကြိမ် ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် (၉)ကြိမ် ၊ ရှားတောမြို့နယ်တွင် (၃)ကြိမ် ၊ ဘောလခဲမြို့နယ်တွင် (၂)ကြိမ် ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ ၁၀၄ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်များထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၈)လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ ၊ စစ်အသုံးအဆောင်များကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

တိုက်ပွဲများအတွင်း KNDF ရဲဘော် ငါးဦး ကျဆုံးခဲ့ပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် အစဥ်အမြဲ လေးစားဂုဏ်ယူစွာ မှတ်တမ်းတင် အလေးပြုကြောင်း ထုတ်ပြန်သည်။

တစ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒေသခံများ၏ နေအိမ် ၁၀၀ကျော်၊ ဘုရားကျောင်း နှစ်ကျောင်း ပျက်စီးခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် (၇)လုံးထက်မနည်း ပျက်စီးခဲ့သည်ဟုဆိုသည်။ထို့ပြင် လေကြောင်းတိုက်ခိုက်မှု (၁၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁၀ဦး သေဆုံးကာ ၁၉ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ တစ်ဦး သေဆုံးခဲ့ရကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့၍ ပြည်သူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့၍ စစ်ကြောင်းထိုးခြင်း ၊ တပ်ဖြန့်ခြင်း များအား နေ့စဉ် လုပ်ဆောင်နေသကဲ့သို့ ၎င်းတို့ စစ်ကြောင်းထိုး တပ်စွဲခဲ့သော နေရာများတွင်လည်း မိုင်းထောင်ခဲ့ခြင်းများ ကို ပြုလုပ်ထားကြောင်း KNDFက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားရာနေရာနှင့် ဖြစ်ပွားပြီးသောနေရာများအနီးရှိ ကျေးရွာများသို့ ဒေသခံ များအနေဖြင့် နေရပ်ပြန်ခြင်းများကို အလျှင်စလို မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook