ကရင်နီဒေသအတွင်း တပ်ပေါင်းစုများတစ်စုတစ်စည်းထဲ ဖြစ်စေရန် ဖက်ဒရယ်ဒီမိုကရေစီ ညီနောင်များတပ်ဖွဲ့(FDBF)ကို အဖွဲ့ဝင်အသစ်အဖြစ် လက်ခံအတည်ပြုကြောင်း KRUမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
FDBF သည် ဒေသတွင်းတော်လှန်ရေး တော် လှန်ရေးတပ်ဖွဲ့များနှင့်လက်တွဲတိုက်ပွဲဝင်ရန် နှင့်စည်းလုံးညီညွတ်စွာနေထိုင်နိုင်ရန် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)ထံသို့ စက်တင်ဘာ ၂၀ ရက်က အဖွဲ့ဝင်အသစ်ဖြင့်လျှောက်ထားခဲ့သည် ဟု ဆိုသည်။
တော်လှန်ရေးရည်မှန်းချက်နှင့် မူဝါဒသဘော ထားများသည် KRU၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အပြင် KRU၏စည်းမျဥ်းစည်း ကမ်းများနှင့် ဒေသတွင်းစည်းကမ်းချက်များကို လိုက်နာမည်ဟု ကတိကဝတ်ပြုသောကြောင့် အဖွဲ့ဝင်အဖြစ်လက်ခံအတည်ပြုကြောင်း အသိ ပေးသည်။

“FDBF က DMO(ဒီးမော့ဆိုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်)ကနေခွဲထွက်ပြီး အင်အား ၃၀ ကျော်လောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်တယ်။နောက် တစ်ခုက ကရင်နီဒေသအတွင်းမှာ အဖွဲ့ တွေများလာတာက လုံးဝလက်ခံလို့မရ ဘူး။ဒါကြောင့်တစ်စုတစ်စည်းတည်းဖြစ်အောင်စိစစ်ပြီး လက်ခံလိုက်တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ဒေသအတွင်းရှိ မတူကွဲ ပြားသည့်အဖွဲ့အစည်းများစည်းလုံးမှုရှိရှိနေထိုင်ရေးသည် တပ်ပေါင်းစု၏ ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း KRU က ဖော်ပြသည်။
ထို့အပြင် ၎င်းတို့အနေဖြင့် ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများ နှင့် မဟာမိတ်ပြုလျက် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီလျှင်မြန်စွာပေါ်ထွန်နိုင်ရေးကို အလေးထားတိုက်ပွဲ ဝင်နေကြောင်းလည်း KRU က ဆိုသည်။
လက်ရှိ KRU တပ်ပေါင်းစုတွင် Karenni Democratic Front (KDF)၊JPDF၊GZ-21 (Loikaw)၊Medic Unit၊KRU commandoနှင့် FDBF အပါအဝင်စုစုပေါင်း ခြောက်ဖွဲ့ ရှိလာသည်။


















































