Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ တပတ်အတွင်း လူ ၃ ဦးသတ်ဖြတ်ခံရပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ်သွား

စက်တင်ဘာလ ၂၈ ရက်က ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် − မန္တလေးလမ်း ဘေးမှာ အသက် ၃၀ အရွယ်အမျိုးသမီး ကိုသတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တာပါ။

မန္တလေးမှာ တပတ်အတွင်း လူ ၃ ဦးသတ်ဖြတ်ခံရပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ်သွား
မန္တလေးမှာ တပတ်အတွင်း လူ ၃ ဦးသတ်ဖြတ်ခံရပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ်သွား

ဒီတပတ်အတွင်း မန္တလေးမှာ လူ ၃ ဦးသတ်ဖြတ်ခံရပြီး အလောင်းတွေကိုလမ်းဘေးမှာ စွန့်ပစ်သွားမှုတွေဖြစ်ခဲ့ပါတယ်။

သတ်ဖြတ်ခံရပြီး အလောင်းစွန့်ခံရသူ ၃ ဦးမှာ အမျိုးသမီး ၁ ဦးပါဝင်ပါတယ်။

စက်တင်ဘာလ ၂၈ ရက်က ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် − မန္တလေးလမ်း ဘေးမှာ အသက် ၃၀ အရွယ်အမျိုးသမီး ကိုသတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တာပါ။

အဲဒီအမျိုးသမီးအလောင်းမှာ အဓမ္မပြုကျင့်ထားတဲ့ လက္ခဏာတွေခဲ့ရတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ညပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် ၊ EPC ရုံးအနောက်ဘက် စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း ကို စွန့်ပစ်သွားတာ ရှိခဲ့ပါတယ်။

သတ်ဖြတ်ခံရဲ့အမျိုးသားဟာ တက္ကစီကားသမားဖြစ်ပြီး လူသတ်ပြီး ကားကိုလုယက်သွားတယ်လို့လည်းသိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေး − ပြင်ဦးလွင် ရထားလမ်းဘေး ခြုံထဲမှာ ပုတ်ပွပြီးသေဆုံးနေတဲ့အမျိုးသားအလောင်း ကိုထပ်တွေ့ရတယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးထံကနေ သိရပါတယ်။

အဲဒီအမျိုးသားဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ဓားပြတိုက်မှု၊လုယက်မှုတွေ မကြခဏဆိုသလိုဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။