Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ နာရေးယာဥ်နှစ်စီးဖြင့်သယ်ရဟု TGRပြော

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက “စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ”ဟု ပြောသည်။

(မြောင် TGR အဖွဲ့၏ မုံရွာ - မန္တလေးလမ်းပိုင်း စစ်ဆင်ရေးတစ်ခုအား ဒရုန်းဖြင့်ရိုက်ကူးခဲ့စဥ်။)
(မြောင် TGR အဖွဲ့၏ မုံရွာ - မန္တလေးလမ်းပိုင်း စစ်ဆင်ရေးတစ်ခုအား ဒရုန်းဖြင့်ရိုက်ကူးခဲ့စဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဥ်နှစ်စီးပျက်စီးကာ အများအပြားထိခိုက်၍ နာရေးယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မြောင်မြို့နယ်(TGR) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂ ရက်)နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်လာသော စစ်ကောင်စီယာဥ် ခြောက်စီးအား ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင် ပဒေသာမိုင်း (၆)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ယာဥ်နှစ်စီးပျက်စီးသွားကြောင်း မြောင် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

နာရေးယာဥ် နှစ်စီးဖြင့် ချောင်းဦးဆေးရုံခေါ်ဆောင်သွားရာ ဒဏ်ရာများပြင်းထန်၍ ၁၅ ဦးခန့်သေဆုံးမှုရှိခဲ့ကြောင်း မြောင် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက “စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းအား မုံရွာ – မန္တလေးလမ်းတစ်လျှောက် ဒေသတွင်းကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook