Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း NLD ပါတီဝင် ၁၁ ဦး ကို သွေးသောက်အမည်ခံအဖွဲ့ သတ်ဖြတ်

ဒေသအလိုက်အနေနဲ့ နွားကြီးမြို့နယ် က ၅ဦး ၊ညောင်ဦး က ၄ ဦး ၊ကျောက်ဆည် က ၁ ဦးနဲ့တောင်သာက ၁ ဦးတို့ ရက်ရက်စက်သက် အသတ်ခံလိုက်ရတာပါ။

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း NLD ပါတီဝင် ၁၁ ဦး ကို သွေးသောက်အမည်ခံအဖွဲ့ သတ်ဖြတ်
မန္တလေးတိုင်းမှာ ၂ ရက်အတွင်း NLD ပါတီဝင် ၁၁ ဦး ကို သွေးသောက်အမည်ခံအဖွဲ့ သတ်ဖြတ်

အခုလ အောက်တိုဘာ လဆန်းပိုင်းအတွင်း မန္တလေးတိုင်းထဲ NLD ပါတီ ဝင် ၁၁ ဦးသတ်ဖြတ်ခံပြီး အလောင်းတွေကို လမ်းဘေးမှာ စွန့်ပစ်ထားတဲ့လူသတ်မှု ဖြစ်စဉ်တွေ ပြန်ဖြစ်လာပါတယ်။

သတ်ဖြတ်ခံရတဲ့ NLD ပါတီဝင်တွေ ဟာ ကျောက်ဆည် ၊ နွားထိုးကြီး ၊ညောင်ဦးနဲ့ တောင်သာနယ်ဘက်တွေ ကဖြစ်ပြီး ဒီသတ်ဖြတ်မှုကို သွေးသောက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ချီပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီလူသတ်မှုတွေဟာ အောက်တိုဘာလ ၂ ရက်နဲ့ အောက်တိုဘာလ ၃ ရက်အတွင်းဖြစ်ပွားခဲ့ဖြစ်ပြီး သတ်ဖြတ်ခံရသူတွေထဲ အမျိုးသမီး ၂ ဦးလည်းပါဝင်တယ်လို့သိရပါတယ်။

ဒေသအလိုက်အနေနဲ့ နွားကြီးမြို့နယ် က ၅ဦး ၊ညောင်ဦး က ၄ ဦး ၊ကျောက်ဆည် က ၁ ဦးနဲ့တောင်သာက ၁ ဦးတို့ ရက်ရက်စက်သက် အသတ်ခံလိုက်ရတာပါ။

Public Service Announcement

Public Service Announcement

အသတ်ခံရသူတွေဟာစစ်အုပ်စုနဲ့လက်အောက်ခံအဖွဲ့တွေက ဧည့်စာရင်းစစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့နေအိမ်ကို ရောက်လာကာ ဖမ်းခေါ်သွားခံရပြီး နောက်တနေ့ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကတဆင့်သိရပါတယ်။

တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကဆိုရင် အပြစ်မဲ့ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ကိစ္စမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ထွေအုပ်ဟာ အရင်ဆုံးတာဝန်ယူဖြေရှင်းရမယ့်အဖွဲ့အစည်းဖြစ်တယ်လို့ သတိပေးထားတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေ၊ သူတို့ရဲ့မိသားစုဝင်တွေကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့ သွေးသောက်အမည်ခံအဖွဲ့ ရဲ့ လူသတ်မှုတွေ ရှိလာပါတယ်။

သွေးသောက်အဖွဲ့ဟာ မန္တလေးက စတင်ခဲ့ပြီး မြို့ပေါ်မှာတင် လူသတ်မှုတွေကျုးလွန်ခဲ့ပေမယ့် အဲဒီလူသတ်မှုကျုးလွန်သူတွေကို စစ်အုပ်စုက ဖမ်းဆီးဖော်ထုတ်တာမရှိခဲ့ပါဘူး။

မန္တလေးမြို့ပေါ်မှာသွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရသူတွေကို လာရောက်ဖမ်းဆီးခေါ်ဆောင်ချိန် မှာစစ်ကောင်စီရဲ့တပ်ဖွဲ့ ဝင်အချို့ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။