Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် မူးတိန်ရွာမှ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်

ယနေ့နံနက် ၃ နာရီ ၄၅ ခန့်က မူးတိန်ရွာမှ ကင်းစောင့်နေသော ပျူစောထီးအဖွဲ့ကို TRF ဒရုန်းအဖွဲ့က (၄၀)မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒရုန်းအား ပြသထားစဉ်)
(တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒရုန်းအား ပြသထားစဉ်)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးအဖွဲ့ကို ဒရုန်းအသုံးပြုကာ (၄၀)မမ ဗုံးသီးချ၍ ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း တပ်ရင်း (၁၆)Taze Revolutiin Force – TRF က ယနေ့(အောက်တိုဘာ ၈)ထုတ်ပြန်သည်။

ယနေ့နံနက် ၃ နာရီ ၄၅ ခန့်က မူးတိန်ရွာမှ ကင်းစောင့်နေသော ပျူစောထီးအဖွဲ့ကို TRF ဒရုန်းအဖွဲ့က (၄၀)မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကင်းစောင့်နေတဲ့နေရာကို မြေပုံကနေကြည့်ပြီးချတာ တည့်ကျ‌တယ်။ ကွဲသံကတော့ တော်တော် ပြင်းပြင်းကြားရတယ်။ ထိခိုက်မှု့တော့ မသိရသေးဘူး”ဟု TRF ဒရုန်းအဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း ကန့်ဘလူမြို့နယ် မြေတူးကျေးရွာ အနောက်ဘက် ညောင်ပင်အနီး လမ်းကမ်းဘေးတွင် လမ်းသွားလမ်းလာများအား ငွေတောင်းခံရန် ဂိတ်ဖွင့်စစ်ဆေးနေသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၂၀ခန့်ကို TRF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

TRFအနေဖြင့် စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များကို နေ့ရောညပါ စိတ်မလုံခြုံအောင် ကြုံသလိုတိုက် ခိုက်သွားမည်ဖြစ်ဟု ကြုံးဝါးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။