စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း နှစ်ရက်တာစစ်ကြောင်းလှန်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံးကြောင်း Myanmar Defense Force က ယနေ့(သြဂုတ် ၁၃ ရက်) ထုတ်ပြန် သည်။
သြဂုတ် ၈ ရက်ကစ၍ စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးစီးဖြင့် တပ်သား ၁၀၀ခန့်ကို ရွာငယ်ရွာတွင် စစ်အင်အားချပေးပြီးနောက် တောဂျင် ကျေးရွာ၊ရွာမုံတောင်ကျေးရွာမှတစ်ဆင့် ဝိုင်းကြိုး ကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုးခဲ့ သည်ဟု ဆိုသည်။

ထို့နောက် ရွာမုံတောင်ကျေးရွာမှ နေအိမ် ၈လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး သြဂုတ် ၉ ရက်နေ့တွင် ကျေးရွာအတွင်း ထွက်လာစဥ် တန့်ဆည် PDF တပ်ရင်း(၆) က စီးကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း အသိပေးသည်။
အလားတူ သြဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ဝိုင်းကျေးရွာအနီး စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ကို MDF ၏ တပ်ရင်း (၂၆)နှင့်တန့်ဆည် PDF တပ်ရင်း(၆) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

မိနစ် ၄၀ ကြာ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၀ ဦးနှင့်အထက် သေဆုံး၍ အများအပြား ဒဏ်ရာရရှိသည်ဟု Myanmar Defense Forceက အတည်ပြုသည်။
နှစ်ရက်တာ တိုက်ပွဲ၌ MDF နှင့် တန့်ဆည် PDF တပ်ရင်း ၆ တို့မှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။


















































