Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် ညောင်ကားရားရွာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ဒေသခံများ ထွက်​​ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာ​ခြင်းဖြစ်သည်။

မြောင်ဒေသ စစ်ဘေးရှောင်စခန်းတစ်ခု၌ တွေ့ရသော စစ်ဘေးရှောင်များ၊ ဓာတ်ပုံ-CDSOM
မြောင်ဒေသ စစ်ဘေးရှောင်စခန်းတစ်ခု၌ တွေ့ရသော စစ်ဘေးရှောင်များ၊ ဓာတ်ပုံ-CDSOM

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားရားကျေးရွာကို စစ်ကောင်စီတပ်က ဝိုင်းထားပြီး စစ်ကြောင်းထိုးနေသောကြောင့် ​ဒေသခံများ ထွက်​​ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“တောင်မှာ တစ်ဖွဲ့ရှိတယ်။ မြောက်မှာတစ်ဖွဲ့၊ အရှေ့မှာတစ်ဖွဲ့ရှိတယ်။ရွာကို ဝိုင်းပြီး ရှင်းလင်းရေးပုံစံဝင်သွားပြီ။ ပြည်သူတွေအတွက် စိတ်ပူစရာပဲ”ဟု မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ကားရားရွာကို ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ယနေ့(အောက်တိုဘာ ၈ရက်) နံနက် ၉နာရီခန့်တွင် ဝင်ရောက်လာ​ခြင်းဖြစ်သည်။

ညောင်ကားရားရွာသည် မြင်းခြံနှင့်မြောင်မြို့နယ်ကြားတွင် တည်ရှိသည်။ ဒေသခံလူဦးရေ တစ်ထောင်ကျော်သည် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

“အခါကြီး ရက်ကြီးမှာ စစ်ကြောင်းထိုးလာတယ်။ ဘာပဲဖြစ်ဖြစ် တနေ့ကျရင် စစ်အာဏာရှင်ကို ခွေးမောင်းသလို မောင်းထုတ်သွားမယ်”ဟု မြောင်မြို့ခံတစ်ဦးက ပြောသည်။

မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒေသခံပြည်သူများ၏ နေအိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်နေ၍ သတိထားကြရန် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။