Connect with us

Hi, what are you looking for?

သတင်း

မအူစစ်ဆေးရေးဂိတ်အား ဝင်တိုက်ရာ စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများကြောင်းဒေသကာကွယ်ရေးအဖွဲ့ပြော

စစ်အာဏာရှင်အား တော်လှန်မှုအားကောင်းရာ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများအား မကြာခဏဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်နေပြီး ယခင်ရက်ပိုင်းအတွင်းကလည်း လမ်းပိုင်းအချို့ကား ဘူဒိုဇာဖြင့် ဖျက်ဆီးသွားခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် ၁ နာရီဝန်းကျင်က မုံရွာမြို့ မအူကျေးရွာအနီးရှိ မအူစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်ချိန်အတွင်း စစ်ကောင်စီဘက်က ၄၀မမ၊ ၆၀ မမ စက်သေနတ်တို့ဖြင့် တရစပ် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများနိုင်ပြီး အရေအတွက်မသိရသေးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၊ ၃၊ ၄ ၏ တပ်ရင်းတပ်ခွဲများ ထိုးစစ်တိုက်နေသဖြင့် လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF၊ 5 / UG (မြေအောက်တော်လှန်ရေးအဖွဲ့)၊Springs Dove အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အား တော်လှန်မှုအားကောင်းရာ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများအား မကြာခဏဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်နေပြီး ယခင်ရက်ပိုင်းအတွင်းကလည်း လမ်းပိုင်းအချို့ကား ဘူဒိုဇာဖြင့် ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။