Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အကျဉ်းထောင်၌ ဆေးကုသခွင့်မရ၍ မတရားဖမ်းဆီးခံ လူငယ်တစ်ဦးသေဆုံး

လွိုင်ကော်စစ်ဆေးရေးဂိတ်တွင် PDFနှင့် ဆက် နွယ်မှုရှိသည်ဟုဆိုကာ မောင်ငယ်ကို ယမန်နှစ် တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ - PKPF

လွိုင်ကော်အကျဉ်းထောင်၌ ဆေးကုသခွင့် ကောင်းမွန်စွာမရရှိ၍ နိုင်ငံရေးအကျဥ်းသား လူငယ် တစ်ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

ပုဒ်မ ၅၂(အကြမ်းဖက်ဥပ‌ဒေပုဒ်မ)ဖြင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံထားရသည့် အသက် ၂၁ နှစ်အရွယ် မောင်ငယ်မှာ ယမန်နေ့(အောက် တိုဘာ ၁၃ ရက်)တွင် လွိုင်ကော်အကျဥ်းထောင် ၌ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

“အလောင်းပြန်မရပါဘူး။သေသွားတယ်ပဲ အဆက်အသွယ်ရခဲ့တာပါ”ဟု PKPFက ပြောသည်။

လွိုင်ကော်စစ်ဆေးရေးဂိတ်တွင် PDFနှင့် ဆက် နွယ်မှုရှိသည်ဟုဆိုကာ မောင်ငယ်ကို ယမန်နှစ် တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် ရဲအချုပ်၊စစ် ကြောရေးနှင့် အကျဉ်းထောင်များထဲ၌ နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီခံရပြီး သေဆုံးသူ(၇)ဦးအထိရှိလာ ကြောင်း PKPF က ဖော်ပြသည်။

ထို့အပြင် ကရင်နီပြည်နယ်၌ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်း ဆီးခံထားရသည့် ပြည်သူ ၂၇၀ ကျော်ထိရှိနေသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။