Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်လေဆိပ်တွင် MNA ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ

“လေယာဉ်ဝမ်းဗိုက်ကနေ ဖောက်ဝင်သွားတာ။တစ်ယောက်ထိတယ် အခြေအနေကို မသိရသေးဘူး”ဟု လွိုင်ကော်မြို့နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)
(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)

ကရင်နီပြည်နယ် လွိုင်ကော်မြို့လေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။

ယနေ့(စက်တင်ဘာ ၃၀ရက်)ရန်ကုန်မြို့မှ ပျံသန်းလာသည့် ခရီးသည်လေယာဉ်မှာ လွိုင်ကော် မြို့ လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် နံနက် ၈နာရီ ၅၀မိနစ်ခန့်က ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ခရီးသည်တင်လေယာဉ် ATR-72 လေယာဉ်အမှတ် XY-EAL သည် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဥ် ပစ်ခတ်ခံရပြီး လေယာဥ်ပေါ်ပါရှိသူ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု လွိုင်ကော်လေဆိပ်ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

ကျည်ထိမှန်ဒဏ်ရာရရှိသူနှစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဘဲ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို လူထုနွေဦးအနေဖြင့် အတည်ပြုနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)
(ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရသည့် ခရီးသည်လေယာဉ်ပေါ်မှ မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ- Kyaw Ko Ko Tin/FB)

“လေယာဉ်ဝမ်းဗိုက်ကနေ ဖောက်ဝင်သွားတာ။တစ်ယောက်ထိတယ် အခြေအနေကို မသိရသေးဘူး”ဟု လွိုင်ကော်မြို့နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ခရီးသည်လေယာဉ်ပစ်ခတ်ခံရသည့် လွိုင်ကော်လေယာဉ်ကွင်းသည် စစ်ကောင်စီတပ်စွဲထားသည့် နေရာတစ်ခုဖြစ်ပြီး ကရင်နီဒေသတွင်း လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ထောက်ပို့သည့် အဓိကနေရာဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“လွိုင်ကော်လေဆိပ်က စကစက တပ်စွဲထားတဲ့နေရာပါ။အခု လေယာဉ်ကို ထိတဲ့ပုံစံကလည်း လေယာဉ်ကွင်းထဲကနေ ကျည်ထွက်ပြီး ထိတဲ့ အနေအထားပဲ။ကရင်နီတပ်တွေကတော့ ပစ်မယ် ဆိုရင်တောင် စကစနဲ့ ဆက်စပ်တာကိုပဲ ပစ်မှာပါ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ရှင်းပြသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း “Loikawမှာ ဒီမနက် ခရီးသည်လေယာဉ်အပစ်ခံရ”ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။