Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်အကျဉ်းထောင်၌ ဆေးကုသခွင့်မရ၍ မတရားဖမ်းဆီးခံ လူငယ်တစ်ဦးသေဆုံး

လွိုင်ကော်စစ်ဆေးရေးဂိတ်တွင် PDFနှင့် ဆက် နွယ်မှုရှိသည်ဟုဆိုကာ မောင်ငယ်ကို ယမန်နှစ် တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - PKPF
ဓာတ်ပုံ - PKPF

လွိုင်ကော်အကျဉ်းထောင်၌ ဆေးကုသခွင့် ကောင်းမွန်စွာမရရှိ၍ နိုင်ငံရေးအကျဥ်းသား လူငယ် တစ်ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

ပုဒ်မ ၅၂(အကြမ်းဖက်ဥပ‌ဒေပုဒ်မ)ဖြင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံထားရသည့် အသက် ၂၁ နှစ်အရွယ် မောင်ငယ်မှာ ယမန်နေ့(အောက် တိုဘာ ၁၃ ရက်)တွင် လွိုင်ကော်အကျဥ်းထောင် ၌ သေဆုံးခဲ့ခြင်းဟု ဆိုသည်။

“အလောင်းပြန်မရပါဘူး။သေသွားတယ်ပဲ အဆက်အသွယ်ရခဲ့တာပါ”ဟု PKPFက ပြောသည်။

လွိုင်ကော်စစ်ဆေးရေးဂိတ်တွင် PDFနှင့် ဆက် နွယ်မှုရှိသည်ဟုဆိုကာ မောင်ငယ်ကို ယမန်နှစ် တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် ရဲအချုပ်၊စစ် ကြောရေးနှင့် အကျဉ်းထောင်များထဲ၌ နိုင်ငံရေးပုဒ်မနှင့် ဖမ်းဆီခံရပြီး သေဆုံးသူ(၇)ဦးအထိရှိလာ ကြောင်း PKPF က ဖော်ပြသည်။

ထို့အပြင် ကရင်နီပြည်နယ်၌ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားဖမ်း ဆီးခံထားရသည့် ပြည်သူ ၂၇၀ ကျော်ထိရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။