Connect with us

Hi, what are you looking for?

သတင်း

NUG၏ ကသာမြို့နယ် တရားရုံးကို ယမန်နေ့က ဖွင့်လှစ်

လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် နည်းတူ စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးနိုင်မှု အားနည်းလျက်ရှိသည်။

ဓာတ်ပုံ - ကသာ(ပကဖ)
ဓာတ်ပုံ - ကသာ(ပကဖ)

▪️စစ်ကိုင်းတိုင်း အခြားမြို့နယ်များတွင်လည်း NUG ၏ တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရက ကသာမြို့နယ်တွင် မြို့နယ်တရားရုံးကို ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်)က စတင်ဖွင့်လှစ်လိုက်ကြောင်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မြို့နယ်တရားရုံးကို ရွှေ့လျားတရားရုံးပုံစံ ဖွင့်လှစ်ထားသည်ဟု ဆိုသည်။

ဓာတ်ပုံ - ကသာ(ပကဖ)
ဓာတ်ပုံ – ကသာ(ပကဖ)

“တရားစီရင်ရေးက သက်ဆိုင်ရာကျေးရွာအုပ် ချုပ်ရေးအဖွဲ့တွေက သူတို့ရှင်းလို့ မရလို့ တက်လာတဲ့ဟာမျိုးတွေမှ မြို့နယ်တရားရုံးက ဆောင်ရွက်တာ။ နံပါတ်တစ်ကတော့ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို စီရင်စေတာ။ သူတို့ မပြေလည်ဘူးဆိုမှ တရားရုံးမှာဆက်လုပ်တာ”ဟု ထီးချိုင့်မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားစီရင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တရားရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားလုံးစည်းလုံးစွာ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသည့် နည်းတူ စစ်ကောင်စီအနေဖြင့် နယ်မြေစိုးမိုးနိုင်မှု အားနည်းလျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားမဟာမိတ်များ၏ စိုးမိုးနယ်မြေမှာ တစ်နိုင်ငံလုံး ဧရိယာ၏ ၅၀ရာခိုင်နှုန်းကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ၌ အသိပေးထားသည်။

အဆိုပါ စိုးမိုးနယ်မြေများ၌ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိရာ ယာယီအချုပ်ခန်း ၂၀ကျော် တည်ဆောက်ထားပြီး အမှုအခင်း ၁၁၆ခုကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း NUGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။