Connect with us

Hi, what are you looking for?

သတင်း

CDM ကျောင်းဆရာအား လူမဆန်စွာခေါင်းဖြတ်သတ်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား NUG ပညာရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ

ပညာရေးဝန်ကြီးဌာနသည် ဆရာဦးစောထွန်းမိုးကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုကြာင်း ဖော်ပြထားသည်။

CDM ကျောင်းဆရာအား လူမဆန်စွာခေါင်းဖြတ်သတ်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား NUG ပညာရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ
CDM ကျောင်းဆရာအား လူမဆန်စွာခေါင်းဖြတ်သတ်သည့် စစ်ကောင်စီ၏ လုပ်ရပ်အား NUG ပညာရေးဝန်ကြီးဌာန ပြင်းထန်စွာရှုတ်ချ

စစ်ကောင်စီ၏ဖိနှိပ်မှုကို တွန်းလှန်နေသည့် ဆရာ၊ဆရာမများအား ကူညီနိုင်ရေးအစွမ်းကုန် ဆောင်ရွက်မည်ဟု ဖော်ပြ

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ သစ်ညီနောင်ရွာနေ ဆရာဦးစောထွန်းမိုးအား စစ်ကောင်စီတပ်က လူမဆန်စွာခေါင်းဖြတ်သတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ပညာမိုးဘော်ဒါအုပ်ဖြစ်သူ ဆရာဦးစောထွန်းမိုးသည် အမှန်တရားနှင့် တရားမျှတမှု ရရှိနိုင်ရေးအတွက် အာဏာဖီဆန်လှုပ်ရှားမှု (CDM)တွင်ပါဝင်ခဲ့သည့်အပြင် ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနေသော ဆရာတစ်ဦးဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၇ရက်က ပေါက်မြို့နယ်တောင်မြင့်ရွာတွင် ဆရာဦးစောထွန်းမိုးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဦးခေါင်းနှင့် ခြေလက်များကို အပိုင်းပိုင်းဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်သွားသည့်အပြင် တောင်မြင့်ရွာ၊ အလယ်တန်းကျောင်း တံခါးတွင် ဆရာဦးစောထွန်းမိုး၏ ဦးခေါင်းကို လူမဆန်စွာ ချိတ်ဆွဲထားခဲ့သည်ဟု ဆိုသည်။

ထို့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် ရာဇဝတ်မှုကို ကျူးလွန်ခံရသည့် အဖြစ်အပျက်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း ပညာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီသည် ကျေးရွာများကို မီးရှို့၊ ဓါးပြတိုက်နေသည့်အပြင် ရွာသားများကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ခြင်း၊ ကျေးရွာစာသင်ကျောင်းများကို မီးရှို့ခြင်းများလုပ်ဆောင်နေသည့်အပြင် ကြားကာလပညာရေးကို အကောင်အထည်ဖော်နေသည့် ရဲဝံ့စွန့်စား စီဒီအမ်ဆရာများနှင့် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား လူမဆန်စွာ သတ်ဖြတ်နေခြင်းကို ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုံ့ချကြောင်း ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနသည် ဆရာဦးစောထွန်းမိုးကဲ့သို့သော နွေဦးတော်လှန်ရေးတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်စွာရက်စက် ကြမ်းကြုတ်မှုများကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရသောဆရာများကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းများ အဖြစ်မှတ်တမ်းတင် အလေးအမြတ်ပြုကြာင်း ဖော်ပြထားသည်။

ထို့အပြင် ရာဇဝတ်မှုများကို လူမဆန်စွာကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီသည် စီဒီအမ်ဆရာ၊ ဆရာမများအပေါ်ဖိနှိပ်မှုများပြုလုပ်လျက်ရှိရာ ရဲရဲဝံ့ဝံ့ တွန်းလှန်ရင်ဆိုင်နေသော ကြားကာလပညာရေး အကောင်အထည်ဖော်နေသည့် ဆရာ၊ ဆရာမများ ကိုကူညီပေးနိုင်ရေး တော်လှန်ရေးအင်အားစုများ၊ ကြားကာလပညာရေးကို အကောင်အထည်ဖော်နေသော ပြည်သူများနှင့်အတူ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။