Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူနေတိုက်ခန်းတွဲပေါ် ရုရှားတိုက်လေယာဉ် ပျက်ကျပြီး ၁၃ ဦးထက်မနည်း သေဆုံး

ယဲစ်ခ်မြို့ဟာ ယူကရိန်းတောင်ပိုင်းက ရုရှားစစ်တပ် သိမ်းပိုက်ထားရာ နယ်မြေတွေနဲ့ ပင်လယ်ပြင်ခြားပြီး တည်ရှိနေတဲ့ ဆိပ်ကမ်းမြို့ပါ။ အရင်ကတည်းက ယဲစ်ခ်မှာ ရုရှားရဲ့ ရေတပ်၊ လေတပ် တိုက်လေယာဉ်တွေ လေ့ကျင့် ပျံသန်းလေ့ ရှိပါတယ်။

လူနေတိုက်ခန်းတွဲပေါ် ရုရှားတိုက်လေယာဉ် ပျက်ကျပြီး ၁၃ ဦးထက်မနည်း သေဆုံး
လူနေတိုက်ခန်းတွဲပေါ် ရုရှားတိုက်လေယာဉ် ပျက်ကျပြီး ၁၃ ဦးထက်မနည်း သေဆုံး

ရုရှားမှာ လူနေတိုက်ပေါ် တိုက်လေယာဉ် ပျက်ကျခဲ့တာကြောင့် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

SU-34 အမျိုးအစား ဗုံးကြဲ တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းနေရင်း စက်ချွတ်ယွင်းမှုကြောင့် ယဲစ်ခ်မြို့ထဲမှာရှိတဲ့ ၉ ထပ် တိုက်ခန်းတွဲ တစ်ခုဆီ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်လေယာဉ်မှူး နှစ်ဦးကတော့ လေထီးနဲ့ အချိန်မီ ခုန်ထွက်နိုင်ခဲ့တာကြောင့် အသက်ရှင်ခဲ့ပါတယ်။

အစောပိုင်းက တိုက်ခန်းတွဲမှာ နေထိုင်သူ ၄ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် ကယ်ဆယ်ရေးတွေက အပျက်အစီးတွေကြားမှာ နောက်ထပ် ရုပ်အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ ဒါ့အပြင် တိုက်ခန်းတွဲမှာ နေထိုင်သူ ၆၈ ဦးကိုလည်း ကယ်ထုတ်ခဲ့ရပါတယ်။

သေဆုံးသူ ၁၃ ဦး ရှိတဲ့ထဲမှာ ၃ ဦးက ကလေးတွေလို့ မီးသတ်ဌာနက ပြောပါတယ်။ ဒဏ်ရာရသူ ၁၉ ဦးကိုလည်း ဆေးရုံတင်ပို့ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက လေယာဉ် ပျက်ကျမှုမှာ ပြင်ပ ပယောဂ ပါဝင်တဲ့ အထောက်အထားမျိုးတော့ မတွေ့ရပါဘူး။ လေယာဉ်ဟာ ပျံတက်ပြီး မကြာခင်မှာ အင်ဂျင် မီးစွဲလောင်လို့ ပျက်ကျခဲ့တာလို့ လေယာဉ်မှူး တစ်ဦးရဲ့ အဆိုကို ကိုးကားပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လေယာဉ် ပျက်ကျတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။

ယဲစ်ခ်မြို့ဟာ ယူကရိန်းတောင်ပိုင်းက ရုရှားစစ်တပ် သိမ်းပိုက်ထားရာ နယ်မြေတွေနဲ့ ပင်လယ်ပြင်ခြားပြီး တည်ရှိနေတဲ့ ဆိပ်ကမ်းမြို့ပါ။ အရင်ကတည်းက ယဲစ်ခ်မှာ ရုရှားရဲ့ ရေတပ်၊ လေတပ် တိုက်လေယာဉ်တွေ လေ့ကျင့် ပျံသန်းလေ့ ရှိပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် ၉ ထပ် တိုက်ခန်းတွဲရဲ့ အခန်းပေါင်း ၁၂ ခုလောက်ဟာ လုံးဝဥဿုံ မီးလောင် ပျက်စီးသွားခဲ့ပါတယ်။ ရုရှား အစိုးရက ထိခိုက် သေဆုံးသူတွေနဲ့ မိသားစုဝင်တွေအတွက် လိုအပ်သမျှ အကူအညီအားလုံး အစွမ်းကုန် ပံ့ပိုးဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ