Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် အောင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

အင်းတော်မြို့နယ် အောင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ
အင်းတော်မြို့နယ် အောင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ​သေဆုံးထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများပြား၍ လေကြောင်းပစ်ကူပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၈ရက်)က အင်အား ၆၀ကျော်ဖြင့် အောင်းကုန်းရွာအတွင်း စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KIA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်က သေဆုံးတဲ့သူ ငါးဦးအထက်ရှိတယ်။အလောင်းတွေကို မီးရှို့လိုက်တယ် လို့ မျက်မြင်ကင်းထောက်အရ အတည်ပြုနိုင်တယ်”ဟု ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်က ညနေ ၆နာရီ မိနစ် ၂၀ခန့်တွင် တိုက်လေယာဥ်အသုံးပြုကာ လေကြောင်းပစ်ကူပါပေးခဲ့ရကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

Public Service Announcement

Public Service Announcement

“တပ်ဖွဲ့ဝင်တွေ ထိခိုက်တာတော့ မရှိဘူး။ဒါပေမယ့် ဒေသခံအမျိုးသမီးတစ်ဦး ထိသွားတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့အပြင် အောင်းကုန်းရွာမှ နေအိမ် ငါးလုံး၊အင်ပင်ရွာမှ နေအိမ် နှစ်လုံးလည်း လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အောင်းကုန်းရွာရှိ နေအိမ်၄လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ် IR Team က ဆိုသည်။

ယနေ့(အောက်တိုဘာ ၁၉ ရက်) နံနက်ပိုင်းအထိ အောင်းကုန်းနှင့်အင်ပင်ရွာတွင် စစ်ကောင်စီက တပ်စွဲထားပြီး လက်နက်ကြီးအချို့ဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်၊ထီးချိုင့်၊ ကောလင်း၊ဝန်းသိုနှင့် ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ယခုလ ၁၇ရက်က ထီးချိုင့်မြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား အလောင်း ခုနစ်လောင်းတွေ့ရှိပြီး ငါကြင်းမြီးစက်လတ် တစ်လက်နှင့် လက်နက်ငယ်တစ်လက်ကို ပြည်သူ့ကာကွယ်ရေးတပ်မှ သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။