Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟုဆို

ဒဏ်ရာရစစ်ကောင်စီတပ်သားများကို နန့်စီးအောင်ဂိတ်မှ အိမ်စီးကားဖြင့် မိုးညှင်းမြို့သို့ သယ်ဆောင် သွားရကြောင်းလည်း ဖော်ပြသည်။

(ယမန်နှစ်က နန့်စီးအောင်စစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီတပ်သား ၈ ဦးအထိ သေဆုံးခဲ့သည့် မိုင်းဆွဲတိုက်ခိုက်မှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ယမန်နှစ်က နန့်စီးအောင်စစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီတပ်သား ၈ ဦးအထိ သေဆုံးခဲ့သည့် မိုင်းဆွဲတိုက်ခိုက်မှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ် နှစ်ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း Indaw Revolution က ယနေ့(စက်တင်ဘာ ၂၆ ရက်) ထုတ်ပြန်သည်။

ယခုလ ၂၄ ရက်ကစ၍ နန့်စီးအောင်မှ မော်လူးသို့ စစ်ကြောင်းထိုးရန် ဆင်းလာသည့် စစ်ကောင် စီတပ်ကို မိုင်းငါးလုံးဆင့်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရစစ်ကောင်စီတပ်သားများကို နန့်စီးအောင်ဂိတ်မှ အိမ်စီးကားဖြင့် မိုးညှင်းမြို့သို့ သယ်ဆောင် သွားရကြောင်းလည်း ဖော်ပြသည်။

အလားတူ ယမန်နေ့က မော်လူးမြို့ဘက်မှ နဘားကျေးရွာဘက်သို့ ထိုးလာသည့် စစ်ကောင်စီစစ် ကြောင်းကို KIA ၊PDF နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သေဆုံးသွားသော စစ်ကောင်စီတပ်သားနှစ်ဦးကိုနဘားရွာရှိ ခရစ်ယာန်သင်္ချိုင်း၌ မြုပ်နှံလိုက် ကြောင်း IR က ဆိုသည်။

“အင်းတော်က ကချင်နဲ့ စစ်ကိုင်းတိုင်းရဲ့ ချိတ်ဆက်မှုအရ အရေးပါနေတာ ဖြစ်တဲ့ အတွက် သူတို့အနေနဲ့ နယ်မြေစိုးမိုးရေး ပိုလုပ်ချင်နေတာ။ဒါကြောင့်လည်း အခု မြေပြင် အင်အား ၄၀၀ လောက်အထိနဲ့ စစ်ကြောင်းဝင် နေတယ်။ဒီနေ့အထိလည်း စစ်ရေးတင်းမာနေတယ်လို့ ပြောနိုင်တယ်”ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းမှာ အင်းတော်အနောက်ခြမ်းသို့ ဦးတည်နေကြောင်းလည်း သိရသည်။

ယခုစစ်ရေးအခြေအနေအရ ထီးချိုင့်- အင်းတော်-မော်လူးလမ်းနှင့်အင်းတော်-ကသာလမ်းပိုင်းကို ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း အင်းတော် -ဗန်းမောက်လမ်းကို ပြည်သူများ အသုံးမပြုသေးရန် သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။