Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးကို မြို့ပြပြောက် ကျားအဖွဲ့များ တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးကို မြို့ပြပြောက် ကျားအဖွဲ့များ တိုက်ခိုက်
ရွှေပြည်သာမြို့နယ် လူကယ်ပြန်ရုံးကို မြို့ပြပြောက် ကျားအဖွဲ့များ တိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံး၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ပြီးနောက် မိုင်းခွဲတိုက်ခိုက် ခဲ့ကြောင်း Generation Y Guerilla – GY G အဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“လက်ပစ်ဗုံးပစ်ပြီး Hello မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ဝာာပါ။ လက်ပစ်ဗုံးကတော့ ထိတယ်။ Hello ကတော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုကို အောက်တိုဘာ ၂၀ ရက် နေ့လည် ၂ နာရီအချိန်ခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ညီနောင်အဖွဲ့များဖြစ်သည့် Myint Ma Kha ၊ Army Representing Myanmar Society ARMS တို့ နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီများဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

” အထိအခိုက် အပျက်အစီးတော့ သေချာမသိရသေးပါဘူး။ Ambulance တွေသွားနေသည်ဟု မြေပြင်သတင်းအရသိရပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook