Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာမြို့နယ် (၂၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရပ်ကျေးစာရေးတစ်ဦး ထိခိုက်သည့်အပြင် ဧည့်စာရင်းလာတိုင်သည့် ပြည်သူအချို့လည်း ထိခိုက်ခဲ့ကြောင်း YUA က ပြောသည်။

(ရွှေပြည်သာမြို့နယ်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား ညပိုင်းတွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ရွှေပြည်သာမြို့နယ်မှ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား ညပိုင်းတွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ဧည့်စာရင်းလာတိုင်သူအချို့ ထိခိုက်သည့်အပေါ် စိတ်မကောင်းဟု YUA ဆို

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၂၆)ရပ်ကွက် ကျောင်းကုန်းအုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ့တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြေအောက်တော်လှန်ရေးအင်အားစု(YUA) က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့(အောက်တိုဘာ ၅)ရက်ညနေ ၃ခန့်က YUA အဖွဲ့ Generation Z Defence Force – GZDF အဖွဲ့က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရပ်ကျေးစာရေးတစ်ဦး ထိခိုက်သည့်အပြင် ဧည့်စာရင်းလာတိုင်သည့် ပြည်သူအချို့လည်း ထိခိုက်ခဲ့ကြောင်း YUA က ပြောသည်။

ယခုကဲ့သို့ ပြည်သူအချို့ထိခိုက်ခဲ့သည့်အပေါ် GZDF အနေဖြင့်တောင်းပန်ပြီး YUA အနေဖြင့်လည်း စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဓိက ကတော့ စကစ နဲ့ ပတ်သတ်တဲ့ နေရာဌာနတွေကို အများပြည်သူတွေ အနေနဲ့ တတ်နိုင်သမျှ ရှောင်ရှားပေးဖို့ပါပဲ”ဟု YUA မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

‘ရန်ကုန်ဟာ ငါတို့ရန်ကုန်’၊ ‘လုံးဝအုပ်ချုပ်ခွင့်မရစေရ’၊ ‘ရန်ကုန်မှာ ငါတို့ ဆက်ရှိနေမယ်’၊ “ပြည့်သူကမ်းလက်များ” စစ်ဆင်ရေး ထပ်လာဦးမည်ဖြစ်ပြီးအာဏာ ရှင်စနစ်အလုံးစုံ ပျက်သုန်းရမည်ဟု YUA က ကြွေးကြော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။