မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဆရာများအား လာရောက်ဖမ်းဆီးစဥ် မတွေ့၍ အိမ်အတွင်းရှိနေသူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်ခံများက ပြော သည်။
ယနေ့(စက်တင်ဘာ ၁ ရက်)နံနက်ပိုင်းက မြို့သာမြို့ရှိ နေအိမ်တအိမ်အား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီး ၎င်း နေအိမ်တွင်နေထိုင်သူ အမျိုးသားသုံးဦး၊ အတူလာရောက်နေထိုင်နေသော အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်ခံများက ပြောသည်။
“လာဖမ်းတာက ၅၀၅ ပုဒ်မအတပ်ခံထားရသူ CDM ကျောင်းဆရာမတွေရှိတယ်ကြားလို့ လာတာဗျ။ ခု အဖမ်းခံရသူတွေကြောင့် CDM ဆရာမတွေ ကပ်လွတ်သွားတယ်”ဟု မြို့သာဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူလေးဦးအနက် တစ်ဦးမှာ မန္တလေးမြို့ပေါ်မြို့နယ်တစ်ခုက NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ဇာတိသို့ ခေတ္တပြန်လာသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement
စစ်ကောင်စီတပ်များသည် မြင်းခြံခရိုင်အတွင်း ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။


















































