Connect with us

Hi, what are you looking for?

News

CDM ဆရာမများကို လာဖမ်းစဥ်မ​တွေ့၍ အိမ်တွင်ရှိ​နေသူများကိုဖမ်းဆီး

“လာဖမ်းတာက ၅၀၅ ပုဒ်မအတပ်ခံထားရသူ CDM ကျောင်းဆရာမတွေရှိတယ်ကြားလို့ လာတာဗျ။ ခု အဖမ်းခံရသူတွေကြောင့် CDM ဆရာမတွေ ကပ်လွတ်သွားတယ်”ဟု မြို့သာဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဆရာများအား လာရောက်ဖမ်းဆီးစဥ် မတွေ့၍ အိမ်အတွင်းရှိနေသူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်ခံများက ပြော သည်။

ယနေ့(စက်တင်ဘာ ၁ ရက်)နံနက်ပိုင်းက မြို့သာမြို့ရှိ နေအိမ်တအိမ်အား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီး ၎င်း နေအိမ်တွင်နေထိုင်သူ အမျိုးသားသုံးဦး၊ အတူလာရောက်နေထိုင်နေသော အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ​လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်ခံများက ပြောသည်။

“လာဖမ်းတာက ၅၀၅ ပုဒ်မအတပ်ခံထားရသူ CDM ကျောင်းဆရာမတွေရှိတယ်ကြားလို့ လာတာဗျ။ ခု အဖမ်းခံရသူတွေကြောင့် CDM ဆရာမတွေ ကပ်လွတ်သွားတယ်”ဟု မြို့သာဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူလေးဦးအနက် တစ်ဦးမှာ မန္တလေးမြို့ပေါ်မြို့နယ်တစ်ခုက NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ဇာတိသို့ ခေတ္တပြန်လာသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ​ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များသည် မြင်းခြံခရိုင်အတွင်း ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook