Connect with us

Hi, what are you looking for?

သတင်း

ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား

ကျောက်ဆည်ဆင်ပွဲကို ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာပါ။ အဲဒီနောက် ကိုဗစ် ကာလနဲ့ စစ်တပ်အာဏာသိမ်းမှု တွေကြောင့် မကျင်းပနိုင်ခဲ့တာပါ။

ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား
ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား

စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ကျောက်ဆည်ဆင်ပွဲဟာ ယခင်နှစ်တွေကလို စည်ကားတာမရှိဘဲ မြို့ခံတွေလည်းသွားရောက်တာမရှိဘူးလို့ ဒေသခံတွေကပြောပြကြပါတယ်။

ကျောက်ဆည်မြို့မှာ ဆင်ပွဲကို ဒီနေ့ကစတင်ပြီးကျင်းပနေတာပါ။

စစ်တပ်အာဏာ တကျော့ပြန်မသိမ်းခင်ကာလတွေမှာကျင်းပတဲ့ ကျောက်ဆည်ဆင်ပွဲဟာ မြို့ပေါ်တင်မက အနီးတဝိုက်ကရွာတွေ၊ မြို့တွေ က လာရောက်ကြည့်ရှုကြတယ်လို့ဒေသခံတွေ ပြောပါတယ်။

ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား
ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား

” အခုက မြို့ခံတွေကလည်းမသွားသလို ခြောက်ကပ်နေတာ” လို့ ကျောက်ဆည်မြို့ခံတစ်ဦးကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်ဆင်ပွဲကို ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာပါ။ အဲဒီနောက် ကိုဗစ် ကာလနဲ့ စစ်တပ်အာဏာသိမ်းမှု တွေကြောင့် မကျင်းပနိုင်ခဲ့တာပါ။

ဒီနှစ်မှာတော့ စစ်ကောင်စီက ကျင်းပလာပြီး ၂၀၁၉ ခုနှစ်က ဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အဖွဲ့တွေကို မဖြစ်မနေ ပွဲမှာ ဝင်ပြိုင်ကြဖို့ ဖိအားပေးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။