Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား

ကျောက်ဆည်ဆင်ပွဲကို ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာပါ။ အဲဒီနောက် ကိုဗစ် ကာလနဲ့ စစ်တပ်အာဏာသိမ်းမှု တွေကြောင့် မကျင်းပနိုင်ခဲ့တာပါ။

ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား
ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား

စစ်ကောင်စီက ဦးစီးကျင်းပတဲ့ ကျောက်ဆည်ဆင်ပွဲဟာ ယခင်နှစ်တွေကလို စည်ကားတာမရှိဘဲ မြို့ခံတွေလည်းသွားရောက်တာမရှိဘူးလို့ ဒေသခံတွေကပြောပြကြပါတယ်။

ကျောက်ဆည်မြို့မှာ ဆင်ပွဲကို ဒီနေ့ကစတင်ပြီးကျင်းပနေတာပါ။

စစ်တပ်အာဏာ တကျော့ပြန်မသိမ်းခင်ကာလတွေမှာကျင်းပတဲ့ ကျောက်ဆည်ဆင်ပွဲဟာ မြို့ပေါ်တင်မက အနီးတဝိုက်ကရွာတွေ၊ မြို့တွေ က လာရောက်ကြည့်ရှုကြတယ်လို့ဒေသခံတွေ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား
ဖိအားပေးပြီး ကျင်းပတဲ့ စစ်ကောင်စီ ကျောက်ဆည်ဆင်ပွဲမစည်ကား

” အခုက မြို့ခံတွေကလည်းမသွားသလို ခြောက်ကပ်နေတာ” လို့ ကျောက်ဆည်မြို့ခံတစ်ဦးကဆိုပါတယ်။

ကျောက်ဆည်ဆင်ပွဲကို ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်ကနောက်ဆုံးကျင်းပခဲ့တာပါ။ အဲဒီနောက် ကိုဗစ် ကာလနဲ့ စစ်တပ်အာဏာသိမ်းမှု တွေကြောင့် မကျင်းပနိုင်ခဲ့တာပါ။

ဒီနှစ်မှာတော့ စစ်ကောင်စီက ကျင်းပလာပြီး ၂၀၁၉ ခုနှစ်က ဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အဖွဲ့တွေကို မဖြစ်မနေ ပွဲမှာ ဝင်ပြိုင်ကြဖို့ ဖိအားပေးခဲ့တယ်လို့သိရပါတယ်။