Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် PDFစခန်းဝင်စီးသည့် စစ်ကောင်စီတပ် ပဒေသာမိုင်းထိ

မတ္တရာမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

မတ္တရာတွင် PDFစခန်းဝင်စီးသည့် စစ်ကောင်စီတပ် ပဒေသာမိုင်းထိ
မတ္တရာတွင် PDFစခန်းဝင်စီးသည့် စစ်ကောင်စီတပ် ပဒေသာမိုင်းထိ

▪️စစ်ကောင်စီတ​ပ်က Non CDMဝန်ထမ်းကိုပါ သတ်ဖြတ်သွားဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် PDFစခန်းဝင်စီးသည့် စစ်ကောင်စီတပ်များ ပဒေသာမိုင်းထိပြီး စစ်ကောင်စီအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်များအထိ အခိုက်များကြောင်း နဂါးညီနောင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၂ ရက်) နံနက် ၇ နာရီခန့်က မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကျေးရွာရှိ သစ်တောရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းချိန်တွင် အဆင်သင့်ထောင်ထားခဲ့သောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိနှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲ့ထဲမှာက အရင်ကတည်းက နယ်မြေစိုးမိုးမှုအနေနဲ့ သစ်တောရုံးမှာ ကျွန်တော်တို့မဟာမိတ်ညီနောင်များအနေနဲ့ အထိုင်ချတပ်စွဲထားတာပါ။ စကစ စစ်ကြောင်းထိုးလာရင် ဝင်မှာသိနေတာကြောင့် စခန်းမှာ မိုင်းများဆင်ထားခဲ့ပြီး ဆုတ်ခွာခဲ့တာပါ။ သူတို့တက်လာတာသတင်းကြိုရတာကြောင့် အသင့်မိုင်းဆင်ပြီးရှောင်နိုင်ခဲ့ပါတယ်ခင်ဗျ။”ဟု နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂ဝရက်က မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာတွင် ဒေသခံပြည်သူ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦးအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး နေအိမ် ၉လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဇီးဖြူပင်ကျေးရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ​နေအိမ်၃လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသူ ဝန်ထမ်းမှာ စစ်ကောင်စီ၏ ဆည်မြောင်းဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲဒီဝန်ထမ်းက CDM မဝင်ပါဘူး။ ဘာကြောင့် သတ်သွားသလဲတော့ မသိရပါဘူး။ သူက ဆည်မြောင်းစောင့်ဝန်ထမ်းပါ။ သူနေတဲ့တဲကိုရော မီးရှို့သွားပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့်တိုက်ခိုက် မှုကို နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ MDY PDF(Mongoose Squadron)တပ်ခွဲ၊ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ တိုက်သိမ်းမြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

မဟာမိတ်ညီနောင်များအနေဖြင့် စစ်ကောင်စီအား အရှိန်မြှင့်ကာတိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်များအား လိုက်နာပေးကြရန် နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဖျက်ဆီးမှုများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

အောက်တိုဘာ ၁၉ရက် နံနက်ပိုင်းက မတ္တရာနယ် အုတ်ဖိုရွာသစ်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ရှင်းလင်းခံခဲ့ရသည်။

ထို့အပြင် အောက်တိုဘာ ၂၀ ရက်နံနက်တွင် စစ်ကောင်စီတပ်သည် ကျောက်ဆည်လေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။ ကျောက်ဆည်လေးကျေးရွာအနီးတွင် အမျိုးသားနှစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ