Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ငါးစီးဖြင့် လာရောက်သယ်ဆောင်သည့်အပြင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ် ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်မှ ငါးဦးဒဏ်ရာပြင်းထန်ပြီး သုံးဦးသေဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ် ကြာနီကန်ကျေးရွာနှင့် ထီးတော်မိုးကျေးရွာကြားတွင် စစ်ကောင်စီတပ် ထောက်ပို့ယာဥ်အား ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင့် Generation Z Power – Mandalayက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁နာရီခန့်က ကြာနီကန်ရွာနှင့် ထီးတော်မိုးကျေးရွာကြားရှိ ချောက်ပျားတံတားအနီး စစ်ကောင်စီတပ်ယာဥ်အား ပုသိမ်ကြီး(ပကဖ)နှင့် GZP (Mandalay)တို့ပူးပေါင်းပြီး ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှယာဥ် မိုင်းထိမှန်တိမ်းမှောက်သွားပြီး ငါးဦးဒဏ်ရာပြင်းထန်ကာ သုံးဦးသေဆုံးသွားကြောင်း GZP(Mandalay)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ငါးစီးဖြင့် လာရောက်သယ်ဆောင်သည့်အပြင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ် ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ ပြည်သူတွေဘက်ကလည်း တတ်နိုင်သမျှ ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု GZP (Mandalay)မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်အပါအဝင် ၎င်း၏ထောက်တိုင်များနှင့် အနီးကပ်နေထိုင်သွားလာခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook