Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ငါးစီးဖြင့် လာရောက်သယ်ဆောင်သည့်အပြင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ် ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်မှ ငါးဦးဒဏ်ရာပြင်းထန်ပြီး သုံးဦးသေဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ် ကြာနီကန်ကျေးရွာနှင့် ထီးတော်မိုးကျေးရွာကြားတွင် စစ်ကောင်စီတပ် ထောက်ပို့ယာဥ်အား ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင့် Generation Z Power – Mandalayက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်) နံနက် ၁၁နာရီခန့်က ကြာနီကန်ရွာနှင့် ထီးတော်မိုးကျေးရွာကြားရှိ ချောက်ပျားတံတားအနီး စစ်ကောင်စီတပ်ယာဥ်အား ပုသိမ်ကြီး(ပကဖ)နှင့် GZP (Mandalay)တို့ပူးပေါင်းပြီး ပဒေသာမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှယာဥ် မိုင်းထိမှန်တိမ်းမှောက်သွားပြီး ငါးဦးဒဏ်ရာပြင်းထန်ကာ သုံးဦးသေဆုံးသွားကြောင်း GZP(Mandalay)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား လူနာတင်ယာဥ်ငါးစီးဖြင့် လာရောက်သယ်ဆောင်သည့်အပြင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ် ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးကို အဆုံးထိ ပါဝင်သွားမယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ ပြည်သူတွေဘက်ကလည်း တတ်နိုင်သမျှ ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု GZP (Mandalay)မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်အပါအဝင် ၎င်း၏ထောက်တိုင်များနှင့် အနီးကပ်နေထိုင်သွားလာခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။