Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ရပ်ကွက်ရုံးစာရေးအမျိုးသမီး သေဆုံး

ဆိုင်ကယ်ရှေ့ပိုင်းပျက်စီးနေသလို ဆိုင်ကယ်လဲကျနေတဲ့ အနီးက သစ်ပင်လည်း တိုက်ခံထားတာကို လူမှုကွန်ရက်မှာ ပျံနှံလာတဲ့ဓာတ်ပုံအရ သိရပါတယ်။

မန္တလေးမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ရပ်ကွက်ရုံးစာရေးအမျိုးသမီး သေဆုံး
မန္တလေးမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ရပ်ကွက်ရုံးစာရေးအမျိုးသမီး သေဆုံး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ထဲမှာ ဆိုင်ကယ်မတော်တမှု ဖြစ်ပြီး သေဆုံးခဲ့ရတယ်လို့ယူဆရတဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးအလောင်းကို ဒီနေ့မနက်ပိုင်းမှာ ဒေသခံတွေ တွေ့လိုက်ရပါတယ်။

ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊၃၃ လမ်းနဲ့ ၃၄ လမ်းကြားမှာ လဲကျနေတဲ့ ဆိုင်ကယ်နဲ့အတူ အမျိုးသမီး အလောင်းကို တွေ့ရတာပါ။

ဆိုင်ကယ်ရှေ့ပိုင်းပျက်စီးနေသလို ဆိုင်ကယ်လဲကျနေတဲ့ အနီးက သစ်ပင်လည်း တိုက်ခံထားတာကို လူမှုကွန်ရက်မှာ ပျံနှံလာတဲ့ဓာတ်ပုံအရ သိရပါတယ်။

စစ်ကောင်စီလော်ဘီလူမှုကွန်ရက် တွေမှာတော့ သေဆုံးနေသူအမျိုးသမီးဟာချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စာရေးဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဆိုင်ကယ်ဟာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး မျက်နှာဖူးရောင် ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်တယ်လို့ စစ်အုပ်စုဘက်ကသတင်းလွှင့်ထားပါတယ်။

အလောင်းကိုတော့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။