Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ မတရားဖမ်းဆီးအကျဉ်းချထားသည့် အဆိုတော်ပိုပိုနှင့် အလှအပဘလော့ဂါ ဝင်းမင်းသန်းတို့ ပြန်လွတ်မြာက်လာ

ပိုပို နှင့် ဝင်းမင်းသန်းတို့ သည် ၎င်းတို့၏နေအိမ်အသီးသီးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အသိပေးထားသည်။

ပိုပို
ပိုပို

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပြည်သူများနှင့်အတူ ပါဝင်ခဲ့သောကြောင့် မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ကျခံနေရသည့် အဆိုတော်ပိုပိုနှင့် အလှအပရေး‌ရာ ဘလော့ဂါ ဝင်းမင်းသန်းတို့ ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ပြောသည်။

ပိုပို နှင့် ဝင်းမင်းသန်းတို့ သည် ၎င်းတို့၏နေအိမ်အသီးသီးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အသိပေးထားသည်။

၎င်းတို့နှစ်ဦးသည် ပြည်သူနှင့်အတူ အာဏာရှင် ဆန့်ကျင်ရေးလှူပ်ရှားမှုများတွင် ပါဝင်‌ခဲ့သော ကြောင့် အကြမ်းဖက်စစ်ကောင်စီက မတရားပုဒ်မတပ်ကာ ၂၀၂၁ ဧပြီကတည်းက ‌ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝင်းမင်းသန်း
ဝင်းမင်းသန်း

ထို့နောက် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မဖြင့် ထောင်ဒဏ် သုံးနှစ်စီကျခံခဲ့ရပြီးပြစ်ဒဏ်ကျခံကာလ တစ်နှစ်ခွဲကျော်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်လာသည့် အကြောင်းရင်းနှင့်ပတ်သက်၍ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုရန် စုံစမ်းနေဆဲဖြစ်သည်။

ယခုနှစ်နှစ်ဆန်းပိုင်းတွင်လည်း မတရားပုဒ်မတပ်ကာဖမ်းဆီးထားသည့် အနုပညာရှင်များကို အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်အထိ အကျဉ်းထောင်ထဲ၌ မတရားဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ရဲတိုက် ၊ဆင်မ စသည့်အနုပညာရှင်အချို့ကျန်ရှိနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇွန်လအတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၅၀ကျော်ရှိပြီး ရှောင်တခင်စစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအထိရှိတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။