Connect with us

Hi, what are you looking for?

News

ဇိုတုန်ကိုလာတဲ့ကားသမားတွေ အစစ်ဆေးခံဖို့နဲ့ ပြည်သူတွေ မနက် ၆၊ည ၆သာ ခရီးသွားကြဖို့ CDF ထုတ်ပြန်

ထုတ်ပြန်ချက်ထဲမှာ ဇိုတုန်လာတဲ့ကားသမာတွေ ကြည်ဖြူစွာစစ်ဆေးခံဖို့ ကြေနပ်မှုမရှိရင် တိုင်ကြားဖို့နဲ့ စစ်ကောင်စီက ခေါ်ယူထားတဲ့ ဝန်ထမ်းအလုပ် တင်ဒါလုပ်ငန်းစတာတွေကို လုံးဝမလျှောက်ကြဖို့ဖော်ပြပါတယ်။

ချင်းပြည်နယ် ဇိုတုန်ဒေသကိုလာရောက်မဲ့ ကားသမားတွေအနေနဲ့ ပစ္စည်းနဲ့ ခရီးသည်တွေကို စစ်ဆေးရာမှ ကြည်ဖြူစွာလက်ခံရေးအပါအဝင် အချက်(၅)ချက်ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်(ဇိုတုန်)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဇိုတုန်လာတဲ့ကားသမာတွေ ကြည်ဖြူစွာစစ်ဆေးခံဖို့ ကြေနပ်မှုမရှိရင် တိုင်ကြားဖို့နဲ့ စစ်ကောင်စီက ခေါ်ယူထားတဲ့ ဝန်ထမ်းအလုပ် တင်ဒါလုပ်ငန်းစတာတွေကို လုံးဝမလျှောက်ကြဖို့ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီကချမှတ်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို စက်တင်ဘာလကုန်နောက်ဆုံးထားလုပ်ကိုင်ဖို့နဲ့ ဆက်မလုပ်ဖို့ကိုပါ ထည့်သွင်းထားပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း ဇိုတုန်နယ်အတွင်း မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာကြဖို့ သတိပေးထားပြီး CDF-Zotung အမည်ကိုသုံးပြီး အလွဲသုံးစာလုပ်တဲ့ မည်သူ့ကိုမဆို ထိုက်သင့်တဲ့အပြစ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။