Connect with us

Hi, what are you looking for?

LuduNwayOo

News

ဇိုတုန်ကိုလာတဲ့ကားသမားတွေ အစစ်ဆေးခံဖို့နဲ့ ပြည်သူတွေ မနက် ၆၊ည ၆သာ ခရီးသွားကြဖို့ CDF ထုတ်ပြန်

ထုတ်ပြန်ချက်ထဲမှာ ဇိုတုန်လာတဲ့ကားသမာတွေ ကြည်ဖြူစွာစစ်ဆေးခံဖို့ ကြေနပ်မှုမရှိရင် တိုင်ကြားဖို့နဲ့ စစ်ကောင်စီက ခေါ်ယူထားတဲ့ ဝန်ထမ်းအလုပ် တင်ဒါလုပ်ငန်းစတာတွေကို လုံးဝမလျှောက်ကြဖို့ဖော်ပြပါတယ်။

ချင်းပြည်နယ် ဇိုတုန်ဒေသကိုလာရောက်မဲ့ ကားသမားတွေအနေနဲ့ ပစ္စည်းနဲ့ ခရီးသည်တွေကို စစ်ဆေးရာမှ ကြည်ဖြူစွာလက်ခံရေးအပါအဝင် အချက်(၅)ချက်ကို ချင်းပြည်သူ့ကာကွယ်ရေးတပ်(ဇိုတုန်)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ဇိုတုန်လာတဲ့ကားသမာတွေ ကြည်ဖြူစွာစစ်ဆေးခံဖို့ ကြေနပ်မှုမရှိရင် တိုင်ကြားဖို့နဲ့ စစ်ကောင်စီက ခေါ်ယူထားတဲ့ ဝန်ထမ်းအလုပ် တင်ဒါလုပ်ငန်းစတာတွေကို လုံးဝမလျှောက်ကြဖို့ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီကချမှတ်ထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို စက်တင်ဘာလကုန်နောက်ဆုံးထားလုပ်ကိုင်ဖို့နဲ့ ဆက်မလုပ်ဖို့ကိုပါ ထည့်သွင်းထားပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း ဇိုတုန်နယ်အတွင်း မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာကြဖို့ သတိပေးထားပြီး CDF-Zotung အမည်ကိုသုံးပြီး အလွဲသုံးစာလုပ်တဲ့ မည်သူ့ကိုမဆို ထိုက်သင့်တဲ့အပြစ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။