Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီရဲ့ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဖို့ တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

လာမယ့် တန်ဆောင်တိုင်ကာလမှာ စစ်ကောင်စီရဲ့ အတုအယောင်တန်ဆောင်တိုင် ပျော်ပွဲ၊ရွှင်ပွဲတွေမှာ ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေးမှာ သွေးမအေးကြောင်း ပြသပေးဖို့ ပြည်သူလူထုကို စစ်ကိုင်းတိုင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ (၁၃)ဖွဲ့က မေတ္တာရပ်ခံပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ကြေညာချက်မှာ စစ်ကောင်စီက ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်လုယူပြီး ပြည်သူလူထုကို သတ်ဖြတ်နေတာကို ပြည်သူများ နေ့စဥ်တွေ့ကြုံနေရတယ်လို့ ဖော်ပြပါတယ်။ အဲဒီ အကြမ်းဖက်ပုံရိပ်တွေကို ဖုံးဖိဖို့အတွက် Non CDM ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ အယောင်ဆောင် ပျော်ပွဲ၊ရွှင်ပွဲအဖြစ် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကျင်းပဖို့ စီစဥ်နေတယ်လို့လည်း ဖော်ပြပါတယ်။ စစ်ကောင်စီရဲ့ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ခြင်းဖြင့် တော်လှန်ရေးမှာ သွေးမအေးကြောင်း ပြသပြီး လက်နက်ကိုင် တော်လှန်နေတဲ့ တော်လှန်ရေးတပ်သားတွေနဲ့အတူ ရပ်တည်ပေးကြဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။

စစ်​ကောင်စီ၏ တန်​ဆောင်တိုင်တွင် မပါဝင်ကြရန် ​တော်လှန်​ရေးအင်အားစုများ၏ ​မေတ္တာရပ်ခံချက်
စစ်​ကောင်စီ၏ တန်​ဆောင်တိုင်တွင် မပါဝင်ကြရန် ​တော်လှန်​ရေးအင်အားစုများ၏ ​မေတ္တာရပ်ခံချက်

▪︎စစ်တပ်ပိုင် အင်းဝဘဏ်ကို အရေးယူပိတ်ဆို့ဖို့ သြစတြေးလျနဲ့ စင်ကာပူဘဏ်တွေကို JFM တောင်းဆို

သြစတြေးလျနဲ့ စင်ကာပူအခြေစိုက်ဘဏ်တွေဟာ မြန်မာစစ်တပ်ပိုင် အင်းဝဘဏ်နဲ့ ငွေလွှဲပေးပို့မှု ဆက်လက်လုပ်ဆောင်နေပြီး အဲဒီလုပ်ဆောင်နေမှုကို အမြန်ဆုံးအဆုံးသတ်ကာ အရေးယူပိတ်ဆို့မှု ပြုလုပ်ဖို့ Justice For Myanmar က ဒီနေ့တောင်းဆိုပါတယ်။

စစ်​​ကောင်စီ၏ မြဝတီဘဏ်နှင့် ​ငွေအလွှဲအ​ပြောင်းလုပ်​နေဆဲ
UOBဘဏ် ။ဓါတ်ပုံ-ရိုက်တာ
စစ်​​ကောင်စီ၏ မြဝတီဘဏ်နှင့် ​ငွေအလွှဲအ​ပြောင်းလုပ်​နေဆဲ UOBဘဏ် ။ဓါတ်ပုံ-ရိုက်တာ

Distributed Denial of Secrets က ထုတ်ပြန်လိုက်တဲ့ အင်းဝဘဏ်မှတ်တမ်းဖိုင်တွေအရ နိုင်ငံတကာဘဏ်တွေဖြစ်တဲ့ ANZ, UOB, BIDV ဘဏ်တွေနဲ့ အင်းဝဘဏ်တို့အကြား မြန်မာကျပ်ငွေနဲ့ ငွေလွှဲပေးပို့မှုရှိနေတာကို တွေ့ရပါတယ်။ အင်းဝဘဏ်နဲ့ စီးပွားရေးလုပ်တာဟာ မြန်မာစစ်တပ်၊ သူတို့ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၊ ကျူးလွန်လက်စရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီပေးနေတာဖြစ်တယ်လို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်​​ကောင်စီ၏ မြဝတီဘဏ်နှင့် ​ငွေအလွှဲအ​ပြောင်းလုပ်​နေဆဲ
ANZ ဘဏ် ။ ဓါတ်ပုံ-The Guardian
စစ်​​ကောင်စီ၏ မြဝတီဘဏ်နှင့် ​ငွေအလွှဲအ​ပြောင်းလုပ်​နေဆဲ ANZ ဘဏ် ။ ဓါတ်ပုံ-The Guardian

သြစတြေးလျအခြေစိုက် ANZ ၊ စင်ကာပူအခြေစိုက် UOB နဲ့ ဗီယက်နမ်အစိုးရပိုင် BIDV ဘဏ်တို့အနေနဲ့ သူတို့ရဲ့ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်တွေနဲ့ အညီ အင်းဝဘဏ်နဲ့ ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်တာ၊ ဒါမှမဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာတာကို မဖြစ်မနေ လုပ်ကြရမယ်လို့ JFM က တိုက်တွန်းပါတယ်။

စစ်​​ကောင်စီ၏ မြဝတီဘဏ်နှင့် ​ငွေအလွှဲအ​ပြောင်းလုပ်​နေဆဲ
BIDV ဘဏ် ။ဓါတ်ပုံ-BIDV
စစ်​​ကောင်စီ၏ မြဝတီဘဏ်နှင့် ​ငွေအလွှဲအ​ပြောင်းလုပ်​နေဆဲ BIDV ဘဏ် ။ဓါတ်ပုံ-BIDV

▪︎သံတွဲမှာ AAက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာ မနေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တောင်ကုတ်- သံတွဲကြားရှိ ကားလမ်းမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့် သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ရခိုင်တောင်ပိုင်းမှာ အရင်က AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ပါတယ်။ ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်ဟာ AA တပ်စစ်ရေးလှုပ်ရှားမှု အားကောင်းတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-AA
AA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-AA

▪︎ဒီပဲယင်းကို မိုင်းသယ်လာပေးတဲ့ ရဲမေ မိသားစုဝင်တစ်ဦး မိုင်းကွဲ သေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မှာ စစ်ကောင်စီတပ်အတွက် မိုင်းသယ်လာပေးတဲ့ ရဲမေတစ်ဦးရဲ့ မိသားစုဝင်တစ်ဦး မိုင်းကွဲကာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက ဒီပဲယင်းမြို့၊ ဝါစိုက်ပျိုးရေးရုံးနဲ့ ကန်​တော်ရိုးအနီးမှာ​​ အမျိုးသားတစ်ဦး မိုင်းတစ်လုံးကို ပွေ့ချီလာပြီးနောက် သူ့လက်ပေါ်မှာပဲ မိုင်းကွဲကာ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားတယ်လို ဆိုပါတယ်။ သေဆုံးသူဟာ ဒီပဲယင်းရဲစခန်းမှ ရဲမေတစ်ဦးရဲ့ မိသားစုဝင်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပဲယင်းရဲစခန်းမှ စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နေရာအနှံ့မှာ မိုင်းများ​ထောင်ထားတယ်လို့ သတင်းရ​ရှိထားတာကြောင့်​​ လယ်ယာလုပ်ငန်း လုပ်ကိုင်​တဲ့ ပြည်သူများ သတိထားသွားလာကြဖို့ ဒီပဲယင်းအခြေစိုက် Some News From Depayin အဖွဲ့က အသိပေးထားပါတယ်။

▪︎မုံရွာ – ချောင်းဦးလမ်းပိုင်း မိုင်းရှင်းစစ်ကားကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းကို မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ Monywa Peregrine PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မုံရွာ-ချောင်းဦးလမ်းပိုင်းအား မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်ယာဉ်ကို စွမ်းရည်ထက်ဆီဆိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးခန့် သေဆုံးနိုင်ပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ)နဲ့အတူ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၁ MPDF၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်၊ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်၊ Generation Z People Defence Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

မုံရွာ-မန္တ​လေးလမ်းတွင် စစ်​ကောင်စီတပ်ကားကိုမိုင်းခွဲတိုက်
ခိုက်စဥ် ။ ။ဓါတ်ပုံ-MP-PDF
မုံရွာ-မန္တ​လေးလမ်းတွင် စစ်​ကောင်စီတပ်ကားကိုမိုင်းခွဲတိုက် ခိုက်စဥ် ။ ။ဓါတ်ပုံ-MP-PDF

▪︎တနင်္သာရီမြို့နယ်အတွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်

တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ PDF မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂)တို့အကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးစစ်သည်(တနင်္သာရီ)တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာနဲ့ ဘန်လောကျေးရွာတွေကို အောက်တိုဘာ ၂၉ ကနေ ၃၁ရက်အထိ စစ်ကြောင်းထိုးခဲ့ရာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများပေမယ့် စာရင်းအတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားများအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာမှ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရတယ်လို့ ဖော်ပြပါတယ်။

▪︎မြောင်မှာ စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ်လို့ ခုနစ်တန်းကျောင်းသူ ဒဏ်ရာရ

စစ်ကိုင်းတိုင်း မြောင်နဲ့ ဘုတလင်မြို့နယ်တို့မှာ ဒီနေ့စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ခုနစ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရပြီး အမျိုးသမီးသုံးဦးကို တန်ဆာခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။ မြောင်မြို့နယ် သနပ်ကုန်းကျေးရွာမှာ ဒီနေ့ မနက် အစောပိုင်းက စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခုနစ်တန်းကျောင်းသူတစ်ဦး သေနတ်ကျည်ဒဏ်ရာရခဲ့တာာလို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMမှ တာဝန်ခံကိုနွေဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကျောက်ရစ်ရွာမှာ အထိုင်ချပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ် နှောပင်ရိုးကျေးရွာသို့လည်း ဒီနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်နေကာ ဒေသခံအမျိုးသမီးသုံးဦးကို တန်ဆာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

▪︎ပျူ​​စောထီးစခန်းကို ဝင်တိုက်ရာ စစ်သားနဲ့ပျူ ငါးဦးထက်မနည်း​သေ

မင်းကင်းမြို့ အ​​နောက်​မြောက်ဘက် ၉ မိုင် ကျော်အကွာအ​ဝေးရှိ စစ်ကောင်စီရဲ့ လက်​အောက်ခံပျူစောထီးရွာဖြစ်တဲ့ သေမသောက်ရွာရှိ ပျူစခန်းကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ငါးဦးထက် မနည်းသေဆုံးခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှတာဝန်ရှိသူကပြောပါတယ်။ မနေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းအတွင်းပိုင်းရှိ နေရာအချို့ကိုပါ စီးနင်းနိုင်ခဲ့ပြီး Carbine M-2 ​သေနတ်(၃)လက်နဲ့ ကျည်အချို့ကိုပါသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နာရီဝက်ခန့်ကြာမြင့်တဲ့ ပျူစောထီးစခန်း စီးနင်းတိုက်ခိုက်မှုကို ကျောင်းသားတော် လှန်ရေးတပ်ဖွဲ့(S.R.F) တပ်ရင်း(၁)နဲ့ တပ်ရင်း(၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

မင်းကင်းမြို့နယ်ရှိ ပျူ​စောထီးစခန်းတိုက်ခိုက်ရာသိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ ။ဓာတ်ပုံ -S.R.F
မင်းကင်းမြို့နယ်ရှိ ပျူ​စောထီးစခန်းတိုက်ခိုက်ရာသိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ ။ဓာတ်ပုံ -S.R.F

▪︎မြိုင်နဲ့ပေါက်အစပ်ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ဖြတ်တိုက်ခံရပြီး ရဲဘော်ငါးဦးကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာ ပေါက်နယ်ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်တွေကို စစ်အုပ်စုက ဖြတ်တိုက်ရာ ပြည်သူ့ ရဲဘော်ငါးဦး ကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ​ခေါင်း​ဆောင်ကိုလက်ယျာက​ပြောပါတယ်။ မနေ့ မနက်ပိုင်းက မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆိတ်သာရွာ၊တောင်ရိုးရွာ၊ ဂွေးကုန်းရွာ၊ ကျောက်ခွက်ရေနံမြေစခန်း ပတ်လည်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်နယ်နဲ့ ပေါက်နယ်ထိစပ်နယ်မြေ ဆေးပင်ကြီးရွာအနီးသို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစစ်ကောင်စီစစ်ကြောင်းကို မြိုင်နယ်နဲ့ ပေါက်နယ်ကျေးရွာ ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေက ပြည်သူ့ရဲဘော် လက်နက်ကြီးအဖွဲ့ကို ဖြတ်တိုက်ခဲ့တာလို့ မြိုင်ပကဖက အသိပေးပါတယ်။ စစ်ကောင်စီစစ်ကြောင်းကို လက်စားချေတိုက်ခိုက်မှာဖြစ်လို့ ပြည်သူများဘေးလွတ်ရာ ရှောင်စေလိုတယ်လို့ မေတ္တာရပ်ခံထားပါတယ်။

ကျဆုံးခဲ့​သော ​ကျေးရွာကာကွယ်​ရေးတပ်ဖွဲ့ဝင် ၅ ဦး ။
ဓါတ်ပုံ- မြိုင်ပကဖ
ကျဆုံးခဲ့​သော ​ကျေးရွာကာကွယ်​ရေးတပ်ဖွဲ့ဝင် ၅ ဦး ။ ဓါတ်ပုံ- မြိုင်ပကဖ

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။