Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf Soldiers
အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Black Wolf Soldiers

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ပဒေသာမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်များနိုင်ကြောင်း Black Wolf Soldiers အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ၄)နံနက်၁၁ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပေါ် ချောင်းဦး-မြင်းမူလမ်းပိုင်း၌ မန္တလေးမှ မုံရွာမြို့သို့ ထွက်ခွာလာသော စစ်ကား လေးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးစီးမြောက် ကားအား တည့်တည့်ထိမှန်ခဲ့ပြီး အထိခိုက်အကျဆုံးများနိုင်ကြောင်း မြေပြင်သတင်းများအရသိရသည်ဟု Black Wolf Soldiers အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား Black Wolf Soldiers အဖွဲ့၊ Chaung U Revolution Army(CRA-2)၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်နှင့် Spring Soldiers အဖွဲ့တို့ ပူးပေါင်း၍ Spring Soldiersအဖွဲ့၏ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ၂ ရက်ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ၏ Jummer ကားလေးစီးအား ဒေသကာကွယ်ရေးအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။