Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

စစ်ကောင်စီက ကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ (၁၃)ဖွဲ့ကိုယ်စား Myaung Union Army က ယနေ့ (နိုဝင်ဘာ၂ ရက်) တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လာမည့်တန်ဆောင်တိုင်ကာလတွင် စစ်ကောင်စီပြုလုပ်မည့် အတုအယောင်တန်ဆောင်တိုင် ပျော်ပွဲ၊ ရွှင်ပွဲများတွင် ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေးတွင် သွေးမအေးကြောင်း ပြသပေးရန်ပြည်သူများအား စစ်ကိုင်းတိုင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ (၁၃)ဖွဲ့က မေတ္တာရပ်ခံသည်။

စစ်ကောင်စီက ကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲများနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးအင်အားစုအဖွဲ့ (၁၃)ဖွဲ့ကိုယ်စား Myaung Union Army က ယနေ့ (နိုဝင်ဘာ၂ ရက်) တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ
စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီက ပြည်သူ့အာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်လုယူပြီး ပြည်သူလူထုအား သတ်ဖြတ်နေသည်ကို ပြည်သူများ နေ့စဥ်တွေ့ကြုံနေရကြောင်း၊ ထိုသို့ အကြမ်းဖက်ပုံရိပ်များအား ဖုံးဖိရန်အတွက် Non CDM ဝန်ထမ်းများနှင့်ပူးပေါင်းပြီး အယောင်ဆောင် ပျော်ပွဲ၊ရွှင်ပွဲအဖြစ် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကို ကျင်းပရန် စီစဥ်နေကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နိုဝင်ဘာ ၄ ရက်မှ ၈ ရက်အထိ ၅ ရက် တိုင်ကျင်းပကြမည့် စစ်ကောင်စီ၏ အတုအယာင်တန်ဆောင်တိုင်ပွဲများအား ပြည်သူများသွားရောက်လည်ပတ်ခြင်း၊ မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခြင်း၊ စျေးဆိုင်ခန်းများ အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ စီးပွားရေးကြော်ငြာများ အခပေးကာ သွားရောက်ထည့်သွင်းခြင်း၊ စီးပွားရေးလုပ်ကွက်များအား လေလံဆွဲလုပ်ကိုင်ခြင်းများ လုံးဝ မပြုလုပ်ကြရန်နှင့် စစိကောင်စီ၏ ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ခြင်းဖြင့် တော်လှန်ရေးတွင် သွေးမအေးကြောင်း ပြသပြီး လက်နက်ကိုင် တော်လှန်နေသည့် တော်လှန်ရေးတပ်သားများနှင့်အတူ ရပ်တည်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း Myaung Union Army က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ
စစ်ကောင်စီ၏ အတုအယောင်တန်ဆောင်တိုင် ပွဲတော်များအား ပါဝင်ခြင်းမပြုဘဲ တော်လှန်ရေး သွေးမအေးကြောင်းပြသပေးရန် စစ်ကိုင်းတိုင်း တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Myaung Union Army တာဝန်ခံက “အဓိကက ပြည်သူတွေအတွက်ပါ။ လူအများစုဝေးခြင်းနောက်ဆက်တွဲအနေနဲ့ အသက် အန္တရာယ်တွေဖြစ်နိုင်တယ်။ ခုရက်ပိုင်းအတွင်းမှာပဲ ဖြစ်နေတဲ့နေရာတွေလည်းရှိတယ်။ စကစပွဲမှာ အဲ့လို လူအရမ်းစည်ကားသွားလို့ လူသေကြတာမျိုးဆို ပြည်သူတွေအသက်ဘေးစိုးရိမ်တယ်။ မိမိကိုယ်တိုင်လည်းမသွားဖို့ ဒီလို လူစုဝေးဖို့လုပ်နေတဲ့အရာတွကိုလည်းအားပေးအားမြှောက်မလုပ်စေချင်ဘူး။ အသက်တွေကစျေးကြီးတယ်လေဗျာနော်။ ထုတ်ပြန်ချက်တိုင်းကပြည်သူ့အတွက်ဦးစားပေးခြင်းသာဖြစ်ပါတယ်။ ပြည်သူတွေညီကြောင်းပြသစေလိုပါတယ်။”ဟု ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်၊ လားရှိုး၊ ပဲခူး အစရှိသည့်မြို့များ၌ တန်ဆောင်တိုင်အတုအယောင် ပျော်ပွဲ၊ရွှင်ပွဲများအား ပြုလုပ်ရန် စီစဥ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။