Connect with us

Hi, what are you looking for?

သတင်း

ဆောရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ CDMပြုလုပ်လာဟု ကျောက်ထု PDFအသိပေး

အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ကျောက်ထု PDF
ဓာတ်ပုံ - ကျောက်ထု PDF

မကွေးတိုင်း ဆောမြို့နယ်မှ ရဲတပ်သားတစ်ဦး လက်နက်နဲ့အတူ CDMပြုလုပ်လာကြောင်း ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

ဆောမြို့နယ်ရှိ ရဲစခန်းတစ်ခုမှ ရဲတပ်သားတစ်ဦးသည် G3 တစ်လက်၊ ကျည်ဆံများဖြင့် နိုဝင်ဘာ ၂ရက်တွင် CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူဖော်ပြသည်။

ဓာတ်ပုံ - ကျောက်ထု PDF
ဓာတ်ပုံ – ကျောက်ထု PDF

အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၄၀ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခင်က CDM ချီးမြှင့်ငွေကို ကျပ်သိန်း ၈၀ သတ်မှတ်ကြေညာထားသော်လည်း လက်ရှိ တော်လှန်ရေး ရေချိန်အချိန်ကာ အနေအထားနှင့် လက်နက်အမျိုးအစားအပေါ် မူတည်၍ ချီးမြှင့်ငွေအား ပြောင်းလဲ သတ်မှတ်မည်ဟုလည်း အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ကျောက်ထု PDF
ဓာတ်ပုံ – ကျောက်ထု PDF

ပြီးခဲ့သည့် ဇူလိုင်လက မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်မှ တပ်သား တစ်ဦး MA-1 သေနတ်၊ ကျည်ဘောက် ၅ခု ၊ ကျည် ၂၇၀ တောင့်ဖြင့် CDM ပြုလုပ်လာရာ ၎င်းအား ကျပ်သိန်း ၈၀ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ