Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား သီးမြစ်ချောင်းတဝိုက်ကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်ဗုံးကျဲ

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)

တန်ဆောင်မုန်းလပြည့်နေ့တွင် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ သီးမြစ်ချောင်းတဝိုက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သီး​မြစ်​ချောင်းတစ်ဝိုက်အတွင်းချင်းအမျိုးသားတပ်ဦး(CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်(CDF)တို့ရှိသည်ဟုယူဆကာ စစ်ကောင်စီတပ်က ယ​နေ့(နိုဝင်ဘာ ၇ ရက်) မွန်းလွှဲ ၂နာရီခန့်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

​လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းမတိုင်ခင် စစ်​ကောင်စီ​လေတပ်ကယမန်နေ့ (နိုဝင်ဘာ ၆ ရက်)တွင်တိုက်လေယာဉ်ဖြင့် ကင်းထောက်ခဲ့​သေးသည်။ကင်း​ထောက်ပြီး​နောက်တစ်​နေ့တွင်လေယာဉ်နှစ်စီးဖြင့်ဗုံးကျဲတိုက်ခိုက်လာခြင်ဖြစ်သည်။

ဗုံးကျဲတိုက်ခိုက်မှု​ကြောင့် လူထိခိုက်မှု ရှိ၊မရှိ အ​ခြေအ​နေကိုမူမသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်၏ ​​လေ​ကြောင်းထွက်ခွာမှုများကို​ထောက်လှမ်း​ဖော်ပြ​ပေး​နေ​သော EAR (Enemy Air Route )တယ်လီဂရန်ချန်နယ်၏ ​ဖော်ပြချက်အရ ချင်းပြည်နယ်တွင်ဗုံးကျဲ​သောစစ်​ကောင်စီ​​တိုက်​လေယာဥ်မှာ တံတားဦး​လေတပ်မှ ​နေ့လယ် ၁ နာရီ ၃၃ မိနစ်တွင် ထွက်ခွာသွားပြီး၂ နာရီ ၂၂ မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့​​သောA-5 Bomer ​လေယာဥ်ဖြစ်ဖွယ်ရှိသည်။စစ်​ကောင်စီတပ်က ​​​ဟောင်း​နေ၍ ယခင်မသုံး​တော့​သော A-5 တိုက်​လေယာဥ်များကို မကြာ​သေးခင်က ပြန်လည်ပြင်ဆင်၍ အသုံးပြုရန်စမ်းသပ်ပျံသန်း​နေ​ကြောင်း စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်အချို့က​ပြောသည်။

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားတွင်ရှိသည့် သီးမြစ်ကူးတံတားကို ၂၀၂၁ အောက်တိုဘာ ၂၁ ရက်တွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့်ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CDF) တို့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုတံတားသည် စစ်ရေးဗျူဟာအရ အချက်အချာကျပြီး စစ်ကောင်စီတပ်၏ ထောက်ပို့ရေးလမ်းကြောင်းကို နှောင်းနှေးစေရန်အတွက်ဗုံးခွဲဖျက်ဆီးခဲ့ခြင်းဖြစ်​​ကြောင်း ​၎င်းတို့ကအသိ​ပေးသည်။

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အောက်တိုဘာလလကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့​သော်လည်း ထိခိုက်ကျဆုံးမှုမရှိ​ဟုသိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းဘုရင့် မိဖုရားဟာ လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို မောင်းနှင်တတ်ဖို့ မွမ်းမံ သင်တန်း တက်နေကြောင်း သိရပါတယ်။