Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်၍ မူလတန်းကျောင်းသားငယ် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

(သေဆုံးခဲ့ရသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)
(သေဆုံးခဲ့ရသည့် ကလေးငယ်နှစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Chin Journal)

ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာ၌ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ မူလတန်းကျောင်းသား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း The Chin Journal က ဖော်ပြသည်။

အောက်တိုဘာ ၁၉ရက် မွန်းလွဲပိုင်း ၃နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကျောင်းကပြန်လာသည့် ကလေးငယ်များ ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

“သူတို့က အသက် ၆နှစ်အရွယ် KG-2 တန်း ကလေးတွေဆိုတော့ ကျောင်းကနေစောလွှတ်တာ။ သူတို့ပြန်လာတဲ့လမ်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲသွားတယ်။ သူတို့နဲ့ နီးနီးကပ်ကပ်မှာပဲ လက်နက်ကြီးကျတာ။ ယောင်္ကျားလေးတစ်ယောက်က လက်နက်ကြီးထိပြီး နာရီ၀က်ခန့်အကြာမှာ သေဆုံးသွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ နောက်ထပ် ယောင်္ကျားလေးတစ်ယောက် ခုနလေးပဲ သေဆုံးသွားတယ်။ ကလေးမလေးကိုတော့ ဆေးရုံပို့ထားတယ်”ဟု ဘွန်လုန်ကျေးရွာမှ ဘာသာရေးဆရာတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

အဆိုပါ ကျေးရွာသည် ဟားခါးမြို့နယ်၊ ဆန်ထန်နယ်မှာ တည်ရှိပြီး ဟားခါးမြို့နှင့် မိုင် ၂၀ခန့် ကွာဝေးကြောင်း၊ ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် ဆန်ထန်နယ်နှင့် ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်များသည် ဟားခါးနှင့် ထန်တလန်မြို့ကြားတွင် အောက်တိုဘာ ၁၃ရက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ထုတ်ပြန်ထားပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ၌ အထိနာပါက အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ နေရာအသီးသီး၌ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။