Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား သီးမြစ်ချောင်းတဝိုက်ကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့်ဗုံးကျဲ

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ပြီး​နောက် တစ်​နေရာတွင် မီး​လောင်းကျွမ်း​နေသည်ကို အ​ဝေးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-The Chin Journal)

တန်ဆောင်မုန်းလပြည့်နေ့တွင် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ သီးမြစ်ချောင်းတဝိုက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သီး​မြစ်​ချောင်းတစ်ဝိုက်အတွင်းချင်းအမျိုးသားတပ်ဦး(CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်(CDF)တို့ရှိသည်ဟုယူဆကာ စစ်ကောင်စီတပ်က ယ​နေ့(နိုဝင်ဘာ ၇ ရက်) မွန်းလွှဲ ၂နာရီခန့်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

​လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းမတိုင်ခင် စစ်​ကောင်စီ​လေတပ်ကယမန်နေ့ (နိုဝင်ဘာ ၆ ရက်)တွင်တိုက်လေယာဉ်ဖြင့် ကင်းထောက်ခဲ့​သေးသည်။ကင်း​ထောက်ပြီး​နောက်တစ်​နေ့တွင်လေယာဉ်နှစ်စီးဖြင့်ဗုံးကျဲတိုက်ခိုက်လာခြင်ဖြစ်သည်။

ဗုံးကျဲတိုက်ခိုက်မှု​ကြောင့် လူထိခိုက်မှု ရှိ၊မရှိ အ​ခြေအ​နေကိုမူမသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်၏ ​​လေ​ကြောင်းထွက်ခွာမှုများကို​ထောက်လှမ်း​ဖော်ပြ​ပေး​နေ​သော EAR (Enemy Air Route )တယ်လီဂရန်ချန်နယ်၏ ​ဖော်ပြချက်အရ ချင်းပြည်နယ်တွင်ဗုံးကျဲ​သောစစ်​ကောင်စီ​​တိုက်​လေယာဥ်မှာ တံတားဦး​လေတပ်မှ ​နေ့လယ် ၁ နာရီ ၃၃ မိနစ်တွင် ထွက်ခွာသွားပြီး၂ နာရီ ၂၂ မိနစ်အချိန်တွင် ပြန်လည်ဆင်းသက်ခဲ့​​သောA-5 Bomer ​လေယာဥ်ဖြစ်ဖွယ်ရှိသည်။စစ်​ကောင်စီတပ်က ​​​ဟောင်း​နေ၍ ယခင်မသုံး​တော့​သော A-5 တိုက်​လေယာဥ်များကို မကြာ​သေးခင်က ပြန်လည်ပြင်ဆင်၍ အသုံးပြုရန်စမ်းသပ်ပျံသန်း​နေ​ကြောင်း စစ်​ကောင်စီတပ်နှင့်နီးစပ်​သောသတင်းရင်းမြစ်အချို့က​ပြောသည်။

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားတွင်ရှိသည့် သီးမြစ်ကူးတံတားကို ၂၀၂၁ အောက်တိုဘာ ၂၁ ရက်တွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့်ချင်းပြည်ကာကွယ်ရေးအဖွဲ့ (CDF) တို့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုတံတားသည် စစ်ရေးဗျူဟာအရ အချက်အချာကျပြီး စစ်ကောင်စီတပ်၏ ထောက်ပို့ရေးလမ်းကြောင်းကို နှောင်းနှေးစေရန်အတွက်ဗုံးခွဲဖျက်ဆီးခဲ့ခြင်းဖြစ်​​ကြောင်း ​၎င်းတို့ကအသိ​ပေးသည်။

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အဆိုပါလမ်းကြောင်းပြန်လည်ပြင်ဆင်ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အောက်တိုဘာလလကုန်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဟားခါး-ထန်တလန်အကြားတွင် တိုက်လေယာဉ်တစ်စင်းဖြင့် တစ်နေ့တည်း ၃ကြီမ် ဗုံးကြဲတိုက်ခဲ့​သော်လည်း ထိခိုက်ကျဆုံးမှုမရှိ​ဟုသိရသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။