Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်က အနည်းဆုံး ၈ဦးသေဟု PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌ကြောင်းသိရသည်ဟု ဖော်ပြ ထားသည်။

People's Spring
People's Spring

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်း ဒေသ၌ နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၈ဦးသေဆုံးခဲ့ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်ကျေးရွာများသို့ ဝင်ရောက်စီးနင်းခဲ့ရာ စက်တင်ဘာ ၃ရက်က တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်တွင် လယ်ခြားရွာအနီး၌ PDF (Kalay) တပ်ဖွဲ့ဝင်များဖြင့် ထိတွေ့တိုက်ပွဲ ၂နာရီခန့် ထပ်မံဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မြေပြင်သတင်းအရ ယမန်နေ့မှစ၍ ယနေ့ နေ့လည်အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီကျေးကျွန် အကြမ်းဖက်စစ်သား အနည်းဆုံး ၈ ဦး သေဆုံးကြောင်း၊ PDF တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကြီးအစအနထိမှန် ဒဏ်ရာရထား‌ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌ကြောင်းသိရသည်ဟု ဖော်ပြ ထားသည်။

Public Service Announcement

Public Service Announcement

ရှားတောရွာအတွင်း နေအိမ်များကိုလည်း မီးရှို့နေကြောင်းသိရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ၏အကြမ်းဖက်ရန်ပြုမှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်‌ ထွက်ပြေးနေကြရကြောင်း၊ PDF တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်ကာကွယ်ပေးလျက်ရှိကြောင်း ကလေးPDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook