Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ်က အနည်းဆုံး ၈ဦးသေဟု PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌ကြောင်းသိရသည်ဟု ဖော်ပြ ထားသည်။

People's Spring
People's Spring

ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်း ဒေသ၌ နှစ်ရက်ဆက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၈ဦးသေဆုံးခဲ့ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်ကျေးရွာများသို့ ဝင်ရောက်စီးနင်းခဲ့ရာ စက်တင်ဘာ ၃ရက်က တစ်နေ့လုံး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်တွင် လယ်ခြားရွာအနီး၌ PDF (Kalay) တပ်ဖွဲ့ဝင်များဖြင့် ထိတွေ့တိုက်ပွဲ ၂နာရီခန့် ထပ်မံဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မြေပြင်သတင်းအရ ယမန်နေ့မှစ၍ ယနေ့ နေ့လည်အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီကျေးကျွန် အကြမ်းဖက်စစ်သား အနည်းဆုံး ၈ ဦး သေဆုံးကြောင်း၊ PDF တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကြီးအစအနထိမှန် ဒဏ်ရာရထား‌ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ လယ်ခြား၊ ကုက္ကိုလ်နှင့် ရှားတော ကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ကျေးရွာပြည်သူတို့၏ နေအိမ်များကို မွှေနှောက်ဖျက်စီးလျက်ရှိ‌ကြောင်းသိရသည်ဟု ဖော်ပြ ထားသည်။

Public Service Announcement

Public Service Announcement

ရှားတောရွာအတွင်း နေအိမ်များကိုလည်း မီးရှို့နေကြောင်းသိရသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များ၏အကြမ်းဖက်ရန်ပြုမှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်‌ ထွက်ပြေးနေကြရကြောင်း၊ PDF တပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ရှောက်ကာကွယ်ပေးလျက်ရှိကြောင်း ကလေးPDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။