Connect with us

Hi, what are you looking for?

သတင်း

ကျိုက်မရောရှိရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များဝင်တိုက်ပြီးနောက် စစ်တပ်ကလေကြောင်းတိုက်ခိုက်

ရဲတပ်ဖွဲ့များထိခိုက်သေဆုံးမှုရှိခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းနှင့်တုံ့ပြန်တိုက်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ကျိုက်မရောရှိရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များဝင်တိုက်ပြီးနောက် စစ်တပ်ကလေကြောင်းတိုက်ခိုက်
ကျိုက်မရောရှိရဲစခန်းကို ပူးပေါင်းတပ်ဖွဲ့များဝင်တိုက်ပြီးနောက် စစ်တပ်ကလေကြောင်းတိုက်ခိုက်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင်ရှိသည့် ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ရဲတပ်ဖွဲ့များထိခိုက်သေဆုံးမှုရှိခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းနှင့်တုံ့ပြန်တိုက်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ(၁၂)ရက် နံနက်အစောပိုင်းအချိန်က ကြာအင်းဆိပ်ကြီး-မုဒုံကားလမ်းပေါ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင်ရှိသည့် စစ်ကောင်စီ၏ ချောင်းနှစ်ခွရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု ကနဦးသိရသည်။

“ချောင်းနှစ်ခွရွာဘေးမှာရှိတဲ့ ရဲစခန်းကို လာပစ်တာ။ လေးဘက်လေးတန်ဝိုင်းပြီး ပစ်သွားတာ။ စခန်းကျသွားတယ်၊ ရဲ(၉)ဦးသေတယ်လို့ကြားတယ်။ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးလာကြဲနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုတော့ မသိရှိရသေးပဲ ဒေသခံရွာသားများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook